Trending Now

ကချင်ပြည်နယ် သံဃနာယကအဖွဲ့ဝင်ဆရာတော်ကြီး ယမန်နေ့ ညနေပိုင်းက ပျံလွန်တော်မူ

Spread the love

ကချင်ပြည်နယ် သံဃနာယကအဖွဲ့ဝင်ဆရာတော်ကြီး ယမန်နေ့ ညနေပိုင်းက ပျံလွန်တော်မူ

EPN
မိုးညှင်း၊ မတ် ၄ (၂၀၂၄)

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ ကန်ဦးကျောင်းတိုက်တွင် သီတင်းသုံးနေတော်မူသည့် ပြည်နယ်သံဃနာယက အဖွဲ့ဝင်ဆရာတော်ကြီး ဘဒ္ဒန္တပညောဘာသ သည် ယမန်နေ့ (မတ် ၃ ရက်)၊ ညနေ ၄ နာရီက ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် သံဃနာယကအဖွဲ့ဝင်ဆရာတော်ကြီး ဘဒ္ဒန္တပညောဘာသသည် ကန်ဦးကျောင်းတိုက်၏ ပဓာနနာယကဆရာတော်တစ်ပါးဖြစ်ကာ ပျံလွန်တော်မူချိန်၌ သက်တော် (၈၇)နှစ်၊ ဝါတော် (၆၆)ဝါ ရှိပြီဖြစ်ကြောင်း သိရသည်။

ဆရာတော်ကြီးသည် ကျန်းမာရေးအခြေအနေကြောင့် ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့၊ နံနက်ပိုင်းက မြစ်ကြီးနားမြို့ရှိ ခုတင် (၃၀၀) တပ်မတော်စစ်ဆေးရုံ၌ ဆေးကုသမှု ခံယူခဲ့ကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။