Trending Now

တရုတ်နိုင်ငံ မြောက်ပိုင်းမှာ ဓာတုစက်ရုံ ပေါက်ကွဲမှုကြောင့် လူ ၂ ဦး သေဆုံးပြီး ၁၂ ဦး ပျောက်ဆုံး

Spread the love

တရုတ်နိုင်ငံ မြောက်ပိုင်းမှာ ဓာတုစက်ရုံ ပေါက်ကွဲမှုကြောင့် လူ ၂ ဦး သေဆုံးပြီး ၁၂ ဦး ပျောက်ဆုံး

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၆

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ် ပန်ကျင်းမြို့က ဓာတုဗေဒ စက်ရုံတစ်ရုံ ယမန်နေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၂ ဦးသေဆုံးကာ ၁၂ ဦးပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ဒေသဆိုင်ရာ အစိုးရမှ ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ပေါက်ကွဲမှုကြောင့် အခြား လူ ၃၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

လက်ရှိအချိန်မှာ မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း နဲ့ ဒေသပတ်ဝန်းကျင်ဌာနက အဆိုပါဧရိယာတစ်ဝိုက်က လေထုအရည်အသွေးကို စောင့်ကြည့်နေတယ်လို့ အဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။

မတော်တဆမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ အဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

— ကိုးကား —
AP
Ref; 2 killed, 12 missing in north China chemical plant explosion

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။