Trending Now

ပင်လယ်ဘူးမြို့နယ်တွင် မူးယစ်ဆေးဝါးများ ရောင်းချနေသူကို မြို့မရဲစခန်းမှ ဖမ်းဆီးရမိ

Spread the love

ပင်လယ်ဘူးမြို့နယ်တွင် မူးယစ်ဆေးဝါးများ ရောင်းချနေသူကို မြို့မရဲစခန်းမှ ဖမ်းဆီးရမိ

EPN
ပင်လည်ဘူး၊ မတ် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်တွင် မူးယစ်ဆေးဝါးများ ရောင်းချနေသူတစ်ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိကြောင်း ပင်လည်ဘူးမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပင်လည်ဘူးမြို့နယ်၊ ရှင်ဖာကျေးရွာနေ ရဲမောင် ၃၅ နှစ်၏ နေအိမ်၌ မူးယစ်ဆေးဝါးသတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါးရှာဖွေဖမ်းဆီးခွင့်ဝရမ်းအမှတ် (၅၃/၂၀၂၀)ဖြင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အုန်းခိုင်၊ တပ်ကြပ် ရန်မျိုးအောင်၊ ဒုတပ်ကြပ် ထွန်းမင်းလတ် တို့အဖွဲ့က သက်သေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလူရင်၊ ဦးစိန်ဖေ တို့နှင့်အတူ ဝင်ရောက်ရှာဖွေရာ ရဲမောင် ကို ၎င်း၏ နေအိမ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

၎င်းနှင့်အတူ နေအိမ်အနောက်ဘက် မီးဖိုဆောင် ပန်းကန်ဆေးသည့်နေရာရှိ ကြမ်းပြင်ပေါ်၌ အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့်ထည့်ထားသည့် ဘိန်းဖြူဟု ယူဆရသော ဖြူ/ဝါရောင်အမှုန့် အလေးချိန် (၉)ဂရမ်ခန့်စီပါ ရောင်စုံဆပ်ပြာခွက် (၁၆)ခွက်၊ အလေးချိန် (၅)ဂရမ်ခန့်ပါ အနီရောင်ဆပ်ပြာခွက် (၁)ခွက်၊ စုစုပေါင်းဆပ်ပြာခွက် (၁၇)ခွက်မှ အလေးချိန် (၁၄၉)ဂရမ်ခန့် နှင့် BAOBA စာတမ်းပါ အနက်ရောင် ကျောပိုးအိတ်အတွင်းမှ အပြာရောင်ကပ်ခွာအိတ်ဖြင့် ထည့်လျက် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၁၀၀)ပြားပါ အထုပ် ၁ ထုပ်၊ (၉၀)ပြားပါအထုပ် ၁ ထုပ်၊ စုစုပေါင်းအထုပ် ၂ ထုပ်မှ ဆေးပြား (၁၉၀)ပြား၊ အလေးချိန် (၁၉)ဂရမ်ခန့် တွေ့ရှိသိမ်းဆည်းခဲ့သည်။

ဖြစ်စဉ်များနှင့်ပတ်သက်၍ မူးယစ်ဆေးဝါး ဘိန်းဖြူမှုန့်များနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ လက်ဝယ်ထားရှိသူ ရဲမောင် ၃၅ နှစ်၊(ဘ) ဦးလှဦး၊ ရှင်ဖာကျေးရွာ၊ ပင်လည်ဘူးမြို့နယ်နေသူအား ဒုရဲအုပ် အုန်းခိုင်က တရားလိုပြုလုပ်၍ တိုင်တန်းခဲ့သဖြင့် ပင်လည်ဘူးမြို့မရဲစခန်းက မယ(ပ)၄၃/၂၀၂၀၊ မူး/စိတ် ပုဒ်မ-၁၉(က) ဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။