Trending Now

ကချင်ပြည်နယ် ဝန်ကြီးချုပ်ဖလား အသက်၁၉ နှစ်အောက်မြို့နယ်ပေါင်းစုံဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်မည်

Spread the love

ကချင်ပြည်နယ် ဝန်ကြီးချုပ်ဖလား အသက်၁၉ နှစ်အောက်မြို့နယ်ပေါင်းစုံဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်မည်

EPN
မြစ်ကြီးနား ၊ မေလ ၁၁

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဝန်ကြီးချုပ်ဖလား အသက်၁၉ နှစ်အောက်မြို့နယ်ပေါင်းစုံဘောလုံးပြိုင်ပွဲကို ဇွန်လ ၁ ရက်နေ့မှ စတင်ပြီးကျင်းပသွားမှာဖြစ်ကြောင်း ကချင်ပြည်နယ်အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနပြည်နယ်အားကာရုံးမှ သိရသည်။

အဆိုပါ မြို့နယ်ပေါင်းစုံဘောလုံးပြိုင်ပွဲကို ၅ နှစ်ကျော်ကြာမှသာပြန်ပြုလုပ်သည့် အသက်၁၉နှစ်အောက်ဘောလုံးပြိုင်ပွဲဖြစ်ပြီး မြစ်ကြီးနားမြို့နယ်အတွက် ကစားသွားမည့်ကစားသမားများကို မေလ ၁၀ ရက်နေ့မှစတင်ကာ ၁၂ရက်နေ့ထိ သုံးရက်ကြာ ကစားသမားရွေးချယ်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် ယူ၁၉ နည်းပြုချုပ်မှ ပြောသည်။

“ကျွန်တော်တို့မနောလိဒ်ဘောလုံးပြိုင်ပွဲတော့ခုကစားနေပြီ၊အဲ့ထဲကကစားသမားသုံးဆယ်ရယ်၊မြစ်ကြီးနားမြို့ပေါ်က ကစားသမားရယ်ပေါင်းအားလုံး ၇၀ ကျော်ရှိတယ်၊ အဲ့ထဲကမှ အခုကျွန်တော်တို့ လူရွေးပွဲကျင်းပနေတယ် မေလ ၁၀ ရက်ကနေ ၁၂ ရက်နေ့ထိ လူ
ရွေးပွဲသုံးရက်ကစားသွားမည်” ဟု၎င်းကဆိုသည်။

ယခုလိုမြို့နယ်ပေါင်းစုံကစားပွဲမှစတင်ကာ နိုင်ငံ့ဂုဏ်ဆောင်ကစားသမားအဆင့်ဖြစ်လာနိုင်သည့်အခွင့်အရေးများရရှိနိုင်သည့်အတွက် ယခုလိုဘောလုံးပွဲများစွာပြုလုပ်ပေးစေလိုကြောင်း မြစ်ကြီးနားမြို့နယ်ဘောလုံးအသင်းအတွက် ကစားသမားလာရောက်ရွှေးချယ်ခံရသည့် လူငယ်တစ်ဦးမှ ပြောသည်။

“ဒီပွဲကနေ ရွေးချယ်ပါသွားရင် ကချင်ပြည်နယ်ကိုယ်စားပြုကစားသမားအဖြစ်ကစားသွားမယ်၊ပြီးရင်နိုင်ငံဂုဏ်ဆောင်ကိုယ်စားပြုတဲ့အထိ ကစားသွားမယ်၊ ကျွန်တော့်အနေနဲ့ဒီလိုမျိုးပွဲစဉ်များကိုများများလုပ်ပေးဖို့မျှော်လင့်တယ်ဘာလို့လဲဆို ဒီလိုမျိုးလုပ်ပေးမှ ကျွန်တော်တို့လူငယ်ဘောလုံးသမားကောင်းတွေပေါ်ပေါက်လာနိုင်မယ် “ဟု ၎င်းကပြောဆိုသည်။

ယင်းကဲ့သို့ဘောလုံးပြိုင်ပွဲပြုလုပ်ပေးရခြင်းမှာ ယနေ့ခေတ်လူငယ်များလမ်းမှားမရောက်သွားအောင်၊ မှုးယစ်ဆေးဝါးသုံးစွဲခြင်းမှကင်းဝေးစေရန် ၊လူငယ်တွေမိမိဘဝအတွက့်တက်လမ်းတွေရှိစေရန်၊ ဟူသောအချက်များကြောင့်ပြုလုပ်ပေးခြင်းဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် ယူ၁၉ နည်းပြုချုပ်မှ ပြောသည်။

အဆိုပါဝန်ကြီးချုပ်ဖလားပြိုင်ပွဲကို ဇွန်လ ၁ ရက်နေ့မှစတင်ကာ ဇွန်လ ၁၀ ရက်နေ့ထိပြုလုပ်ကျင်းပသွားမည်ဖြစ်ပြီး အသင်း ၁၁ သင်းပါဝင်ကာ ကချင်ပြည်နယ် ပြည်နယ်အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။