Trending Now

ရေအားနှင့် နေရောင်ခြည်တို့မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကို မြန်မာ – ရုရှား ပူးပေါင်းဆောင်ရွက်မည်

Spread the love

ရေအားနှင့် နေရောင်ခြည်တို့မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကို မြန်မာ – ရုရှား ပူးပေါင်းဆောင်ရွက်မည်

EPN
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁ (၂၀၂၄)

ရေအားနှင့် နေရောင်ခြည်တို့မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန် မြန်မာ – ရုရှား ပူးပေါင်းဆောင်ရွက်မည်ဟု နစက ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး H.E. Mr. Andrey Rudenko တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

နစက ဥက္ကဋ္ဌမှ ရုရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးအား ယမန်နေ့ ဖေဖော်ဝါရီ ၂၀ ရက်၊ မွန်းလွဲပိုင်းက နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံစဥ် မြန်မာ – ရုရှား နှစ်နိုင်ငံ နိုင်ငံ့ခေါင်းဆောင်များနှင့် အဆင့်မြင့်အရာရှိကြီးများ ချစ်ကြည်ရေးခရီးများ အပြန်အလှန် သွားရောက်ခဲ့မှု၊ နှစ်နိုင်ငံကြား ခရီးသွားလုပ်ငန်းများနှင့် ကုန်သွယ်မှုလုပ်ငန်းများ တိုးတက်စေရန် လေ ကြောင်းခရီးစဉ်များ ပြေးဆွဲလျက်ရှိမှုတို့ကို ဆွေးနွေးခဲ့ကြသည်။

၎င်းအပြင် နျူကလီးယား နည်းပညာကို ငြိမ်းချမ်းစွာအသုံးချရေး ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ လူမှုရေးကဏ္ဍနှင့် ပညာရေးကဏ္ဍများ တိုးတက်ရေးတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ မြန်မာနိုင်ငံအတွက် လိုအပ်သည့် ဓာတ်မြေဩဇာများ လုံလောက်စွာရရှိရေး၊ ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတို့တွင် ပူး ပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

၎င်းအပြင် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ယခုထက် ပိုမိုတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားရေးကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။