Trending Now

ပူတာအိုမြို့၌ ပင်စင်လာရောက်ထုတ်ယူရာတွင် လူစုလူဝေးမဖြစ် စေရန်ကြိုတင်စီမံဆောင်ရွက်ထားပြီး အချိန်နှင့်တပြေးညီထုတ်ပေးလျက်ရှိ

Spread the love

ပူတာအိုမြို့၌ ပင်စင်လာရောက်ထုတ်ယူရာတွင် လူစုလူဝေးမဖြစ် စေရန်ကြိုတင်စီမံဆောင်ရွက်ထားပြီး အချိန်နှင့်တပြေးညီထုတ်ပေးလျက်ရှိ

EPN
ပူတာအို ဧပြီ ၂၁

ကချင်ပြည်နယ်၊ ပူတာအိုမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် အငြိမ်းစားပင်စင်စားများအား ဧပြီ(၂၁)ရက် နံနက်(၈)နာရီခွဲမှစတင်၍ ထုတ်ပေးလျက်ရှိရာ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ် သည့်အနေဖြင့် လူစုလူဝေးမဖြစ် စေရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားပြီး အချိန်နှင့်တပြေးညီထုတ်ပေးလျက်ရှိကြောင်းသိရသည်။

” ကျွန်တော်တို့ဘဏ်တွေမှာ လဆန်း(၂၁)ရက်ကနေ လမကုန်မီတစ်ရက်အထိ ပင်စင်စားတွေကိုထုတ်ပေးရပါတယ်။ ပထမရက်ကျတော့ အလာများတဲ့အတွက် (၁၂၀)လောက်ကိုထုတ်ပေးရပါတယ်။ ကြိုတင်ပြင် ဆင်ပြီးတော့ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနက ညွန်ကြားထားတဲ့အတိုင်း အပူချိန်တိုင်းတာတွေ လက်ဆေးမယ့်နေရာထားပေးတာတွေ တစ်ဦးနဲ့ တစ်ဦးခြောက်ပေအကွာခပ်ခွာခွာ မှာနေဖို့ တို့ကို ကျန်းမာရေးဌာနကဆရာ ဆရာမတွေနဲ့ပူးပေါင်းပြီးတော့ အသိပညာပေးခြင်းများ လည်းဆောင်ရွက်လျက်ရှိပါတယ်။

ပင်စင်စားတွေကို ငါးဦးစီ ခေါ်ပြီး ခြောက်ပေခြားနေစေပြီး တော့ မြန်မြန်ဆန်ဆန်ထုတ်ပေး လျက်ရှိပါတယ်။ပင်စင်လစာလည်းရ အသိပညာဗဟုသုတလည်းရပေါ့လေ” ဟု ခရိုင်တာ၀န်ခံ မန်နေဂျာ ဦးအောင်သန်းကပြော သည်။

အသက်(၇၀)အရွယ်ရှိ ထွေအုပ်အငြိမ်းစား၀န်ထမ်းတစ်ဦးဖြစ်သူ ဦးကြာစိန်က” ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဆရာ ဆရာမများကအဖျားတိုင်းပေးတယ်။ လက်ဆေးပြီး Màsk တပ်ပြီးမှအထဲကို၀င်ခိုင်းပါတယ်။ ရုံးအထဲမှာလည်း နေရာထိုင်ခင်း သုံးပေအကွာမှာနေခိုင်းပါတယ်။

ကျန်းမာရေးက ဆရာ ဆရာမများက ကိုဗစ်-၁၉နဲ့ပတ်သက်ပြီးတော့ အသိပညာပေးဟောပြောပေးတော့ ပင်စင်လာထုတ်ရင်းနဲ့ ကျန်းမာရေးအသိပညာလည်းရတာပေါ့။ ရုံးရောက်တော့ နေရာထိုင်ခင်းကအစ အခက်အခဲ မရှိ အောင် ပင်စင်ထုတ်ဖို့လည်း ၀န်ထမ်းများက လိုလေသေးမရှိ ဝိုင်း၀န်းကူညီပေးတော့ အရမ်းကို ကျေးဇူးပါတယ်” ဟုပြောပါသည်။

အဆိုပါ ပူတာအိုမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် အငြိမ်းစားပင်စင်စား(၈၉၃)ဦးကို လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိပြီး E-ပင်စင်ကတ်ဖြင့်(၈၂၇)ဦးနှင့် ကျန်(၆၆)ဦးသည် ပင်စင်ကတ် မရရှိသေးသည့်အတွက် Menual ဖြင့်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။