Trending Now

အယ်ဆာဗေဒိုးနိုင်ငံတွင် အပူပိုင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ၁၁ဦး သေဆုံး

Spread the love

အယ်ဆာဗေဒိုးနိုင်ငံတွင် အပူပိုင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ၁၁ဦး သေဆုံး

 

EPN
နိုင်ငံတကာ၊ ဇွန် ၁

အယ်ဆာဗေဒိုးနိုင်ငံတွင် အပူပိုင်းမုန်တိုင်း အာမန်ဒါကြောင့် အပျက်အစီးများရှိခဲ့ပြီး လူပေါင်း ၁၁ဦးသေဆုံးခဲ့ကြောင်း အယ်ဆာဗေဒိုးအစိုးရက မေလ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

မြေပြိုခြင်း၊ ရေကြီးခြင်းနှင့် ရေလွှမ်းမိုးမှုများကြောင့် သေဆုံးမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးအေဂျင်စီက ပြောကြားခဲ့သည်။

ဂရန်းဒီးလပ်စ်ရှိ ဆန်ဂျူနီအော့ကို ခရိုင်တွင် ရေလွှမ်းမိုးခြင်းကြောင့် မိသားစုတစ်စုမှာ ရေထဲသို့ မျှောပါသွားပြီး သုံးဉီးသေဆုံးခဲ့သည်။

အယ်ဆာဗေဒိုးပြည်နယ်အတွင်းရှိ ခရိုင်ငါးခုတွင်လည်း သေဆုံးမှုများရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

မုန်တိုင်းကြောင့် အမေရိကန်ပြည်ထောင်စု၏ အနောက်ပိုင်းတွင် အိမ်ခြေ၂၀၀ခန့်မှာ ရေလွမ်းမှုများဖြစ်ပေါ်ခဲ့ပြီး သစ်ပင်၁၀၀ခန့်မှာ အမြစ်မှ ကျွတ်ပါခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း အဆိုပါ အေဂျင်စီက ပြောကြားခဲ့သည်။ လူတစ်ဦးမှာလည်း ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ဆိုသည်။

မုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လွယ်ကူစေရန်အတွက် တစ်နိုင်လုံးကို သတိပေးမှုနှင့်အတူ ၁၅ရက်ကြာ အရေးပေါ်အခြေအနေအဖြစ် အယ်ဆာဗေဒိုးသမ္မတ နာရက်ဘ်ဘူကီလီက ကြေညာခဲ့သည်။

ပျက်စီးသွားသည့် နေအိမ်များအတွက် အာဏာပိုင်များက ယာယီတဲအိမ် ၁၀ခု ဆောက်လုပ်ပေးထားသည်ဟု ဆိုသည်။

ကိုဗစ်-၁၉ကူးစက်ရောဂါဖြစ်ပွားနေချိန်နှင့် မုန်တိုင်းဖြစ်ပေါ်နေချိန်တို့ တိုက်ဆိုင်နေသောကြောင့် အရေးကြီးသည့် အခြေအနေနှင့်ရင်ဆိုင်နေရကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြည်ထဲရေးဝန်ကြီးဖြစ်သူ မာရီယိုဒူရမ်က ပြောကြားခဲ့သည်။

လာမည့်နာရီအနည်းငယ်အတွင်း၌လည်း မိုးသည်းထန်စွာ ရွာသွန်းနိုင်မည်ဟု မျှော်လင့်ရကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက သတိပေးပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ
Ref; Tropical storm Amanda kills 11 in El Salvador


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။