Trending Now

ဘရာဇီးလ် ဘောလုံးကစားသမား နေမာ သဘာဝပတ်ဝန်းကျင် စည်းကမ်းချိုးဖောက်မှုနဲ့ ဒေါ်လာ ၃.၃ သန်း ဒဏ်ရိုက်ခံရ

Spread the love

ဘရာဇီးလ် ဘောလုံးကစားသမား နေမာ သဘာဝပတ်ဝန်းကျင် စည်းကမ်းချိုးဖောက်မှုနဲ့ ဒေါ်လာ ၃.၃ သန်း ဒဏ်ရိုက်ခံရ

EPN
နိုင်ငံတကာ၊ ဇူလိုင် ၄

ဘရာဇီးလ် ဘောလုံးကစားသမား နေမာ ဟာ ရီယိုဒီဂျနေရိုပြည်နယ်က သန်းပေါင်းများစွာတန်တဲ့ ဇိမ်ခံအိမ်အတွင်းမှာ ရေချိုးကန်တည်ဆောက်မှုနဲ့ ပတ်သက်ပြီး ဥပဒေချိုးဖောက်မှုနဲ့ ဒေါ်လာ ၃.၃ သန်း ဒဏ်ရိုက်ခံလိုက်ရပါတယ်။

နေမာဟာ သူပိုင်ဆိုင်တဲ့ အိမ်အတွင်းမှာ ရေချိုးကန်ကို တရားမဝင်ဆောက်လုပ်ခဲ့မှုအတွက် ဘရာဇီးလ် ရီယိုင် ၁၆ သန်း (ဒေါ်လာ ၃.၃၃ သန်း သို့မဟုတ် ယူရို ၃.၀၅ သန်း) ဒဏ်ရိုက်ခံခဲ့ရပါတယ်။

ဒေါ်လာ သန်းနဲ့ချီတန်မယ်လို့ ခန့်မှန်းရတဲ့ နေမာရဲ့ အိမ်ကြီးဟာ ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေရိုပြည်နယ် တောင်ဘက်ကမ်းရိုးတန်းရှိ မန်ဂါရာချီဘာ ကမ်းရိုးတန်းမြို့မှာ တည်ရှိပြီး အိမ်အတွင်းမှာ သာဘာ၀ ပတ်ဝန်းကျင် ချိုးဖောက်မှုအများအပြားကို အာဏာပိုင်တွေက တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

“ခွင်ပြုချက်မရှိဘဲ ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ လုပ်ငန်းတွေကို ဖောက်ဖျက်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ မြစ်ရေကို ထိန်းသိမ်းခြင်း နဲ့ လွဲယူခြင်း၊ ခွင်ပြုချက်မရှိဘဲ မြေယာဖယ်ရှားခြင်းနဲ့ သစ်ပင်တွေ ဖယ်ရှားပြစ်တာတွေ ပါဝင်ပါတယ်။” လို့ အာဏာပိုင်တွေက ပြောပါတယ်။

အာဏာပိုင်တွေက ပြီးခဲ့တဲ့လကတည်းက ဆိုက်ကို ပိတ်ပြစ်ခဲ့ပြီး လှုပ်ရှားမှုအားလုံးကို ရပ်ဆိုင်းဖို့အမိန့်ပေးခဲ့ပေမယ့် နေမာက အဲဒီနေရာမှာ ပါတီပွဲတစ်ခုကျင်းပခဲ့ပြီး ရေကန်အတွင်းမှာ ရေချိုးခဲ့တယ်လို့ ဘရာဇီးလ်မီဒီရာတွေက ဖော်ပြခဲ့ပါတယ်။

ဒဏ်ကြေးငွေအပြင် အခြားပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေကလည်း အဆိုပါအမှုကို စစ်ဆေးသွားမှာဖြစ်ပြီး ဒေသဆိုင်ရာ ရှေ့နေချုပ်ရုံး၊ ပြည်နယ် အရပ်ဘက်ရဲတပ်ဖွဲ့ နဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးရုံးတို့ ပါဝင်ပါတယ်။

နေမာရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီကိစ္စနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။

Ref; reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။