Trending Now

စစ်ကိုင်းမြို့မှာ နှစ်ထပ်အိမ်မီးလောင်မှုကြောင့် မိသားစုဝင် ၂ ဦး သေဆုံး

Spread the love

စစ်ကိုင်းမြို့မှာ နှစ်ထပ်အိမ်မီးလောင်မှုကြောင့် မိသားစုဝင် ၂ ဦး သေဆုံး

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၃

စစ်ကိုင်းမြို့၊ နန္ဒာဝန်ရပ်ကွက်ရှိ နှစ်ထပ်လူနေအိမ်တစ်လုံး ယနေ့ နံနက်အစောပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး မိသားစုဝင် အမျိုးသားနှစ်ဦး သေဆုံးခဲ့တယ်လို့ ထုံးဘိုအရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ထံက သိရပါတယ်။

နှစ်ထပ်တိုက်နေအိမ် မီးလောင်ကျွမ်းမှုဖြစ်စဉ်အတွင်း မိသားစုဝင် ၅ ဦးအနက် အမျိုးသား ၂ ဦးမှာ မီးဘေးသင့် သေဆုံးခဲ့ပြီး နေအိမ်အပေါ်ထပ်မှ မီးစတင်လောင်ကျွမ်းကာ အဆောက်အဦးတစ်ခုလုံးနီးပါး ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့် အသက်ဆုံးရှုံးသွားတဲ့ အမျိုးသားရုပ်အလောင်းနှစ်လောင်းကို သုခကာရီ လူမှုကူညီရေးအသင်းကားဖြင့် စစ်ကိုင်းမြို့ ကုတင် ၂၀၀ ဆံ့ဆေးရုံကြီးရှိ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

နေအိမ်မီးလောင်မှုဖြစ်ပွားကြောင့် သတင်းရရှိသဖြင့် စစ်ကိုင်းခရိုင်မီးသတ်တပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ နယ်မြေမီးသတ်တပ်ဖွဲ့ဝင်များအပါအဝင် လူမှုကူညီကယ်ဆယ်ရေးအသင်းများက မီးငြိမ်းသတ်ခဲ့ကြတယ်လို့ သိရပါတယ်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။