Trending Now

ကချင်အထူးဒေသ(၁) နဲ့ နိုင်ငံရေးပါတီ အယ်ဒီတာအာဘော်

Spread the love

ကချင်အထူးဒေသ(၁) နဲ့ နိုင်ငံရေးပါတီ
အယ်ဒီတာအာဘော်

ကချင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ မြေပုံအရ မြောက်ဖျားပိုင်းမှာ ကျရောက်သည့် ပြည်နယ်တစ်ခု အဖြစ် တည်ရှိနေသည်။ ပြည်နယ်အတွင်း မြို့နယ် ၁၈ မြို့နယ်နှင့် သတ်မှတ် ဖွဲ့စည်း တည်ဆောက် ထားပြီး တိုင်းရင်းသားလူမျိုး ပေါင်းစုံ မှီတင်းနေထိုင်ကြရာ ဒေသဖြစ်သည်။

ကချင်ပြည်နယ်ကို မြန်မာနိုင်ငံရှိ လူထုအားလုံးနီးပါးက သိမြင်ပြီးသားဖြစ်သလို အခြားသော ပြည်ပ နိုင် ငံများကပါ ကချင်ပြည်နယ်လို့ဆိုလိုက်ရုံဖြင့် မြန်မာနိုင်ငံသား/သူ ဟု တန်းသိနိုင်သည်။ ကချင်ပြည်နယ် အတွင်း တပ်မတော်နှင့် ကချင်လက်နက်ကိုင်တပ်ဖွဲ့ (ကေအိုင်အေ)တို့ကြားတိုက်ပွဲဖြစ်ပွားနေမှုကြောင့် ကချင်ပြည်နယ်ကို ကမ္ဘာလုံးက စိတ်ဝင်တစားရှိနေကြသည့်အပြင် အဖိုးတန်သယံဇာတထွက်ရှိမှုက လည်း ကချင်ပြည်နယ်ကို လူသိ တိုးပွားလာစေသော အကြောင်းရင်းများဖြစ်ပေသည်။

ကချင်ပြည်နယ်ရှိ စိတ်ဝင်စားစရာ မြို့နယ်ဒေသအများကြီးထဲမှ ကချင်အထူးဒေသ(၁)အတွင်းရှိ ရေ၊ မြေ၊ တောတောင်သဘာဝရှုခင်းများနှင့် တိုးတက်ပြောင်းလဲလာမှုကို ရေးသားတင်ဆက်လိုပေသည်။ ကချင်အထူးဒေသ(၁)ကို ၁၉၉၀ခုနှစ် ဇန်နဝါရီလ (၁၅)ရက်နေ့က ဝိုင်းမော်မြို့နယ်၊ ချီဖွေမြို့နယ်နှင့် ဆော့်လော်မြို့နယ်ကို ပေါင်းစပ်ကာ ခေါ်ဝေါ်သတ်မှတ်ခဲ့ကြကြောင်း သိရသည်။

ကချင်အထူးဒေသ(၁)ရှိ မြို့နယ်များတွင် စိမ်းလန်းစိုပြေနေသည့် သဘာဝ တောတောင် ရေမြေသ ဘာဝပတ်ဝန်းကျင်များကို မြင်တွေ့ရရင်ဖြင့် စိတ်ကြည်နူး လန်းဆန်းသွားစေသည့် အပြင် ယင်းဒေသမှာ တိုင်းရင်းသားပေါင်းစုံ စုံစည်းနေထိုင်ကြပြီး ၎င်းတို့၏ ယဉ်ကျေးပျူငှာစွာ ခင်မင်ဆက်ဆံတတ်မှုဟာ လည်း အလွန်ပင် မြတ်နိုးရပေသည်။

ယနေ့ခေတ်သည် နိုင်ငံတော်အစိုးရမင်းများက ပြောဆိုနေကြသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် သစ်ဆီသို့ တက်လှမ်း လျှောက်လှမ်းနေသည့် ခေတ်တစ်ခေတ်ဖြစ်သည်။ ယခုလို အချိန်အခါသမယမှာ ဒေသကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရန်အလို့ငှာ နိုင်ငံရေးပါတီများလည်း သူ့ထက်ငါ အပြိုင် အဆိုင် တည်ထောင်လာကြသည်။

ထိုသို့ နိုင်ငံရေးပါတီများ တိုးချဲ့ဖွဲ့စည်းလာခြင်းသည် မြန်မာတစ်နိုင်ငံလုံးရှိ ဒေသများသာမက ကချင် ပြည်နယ်တွင်လည်း ရည်ရွယ်ချက်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးဖြင့် ဖွဲ့စည်းတည်ထောင်လာကြသည်။ သို့ သော် ယင်းပါတီများအပေါ် ယုံကြည်စိတ်ချပြီး ပါတီဝင်အဖြစ် လက်ခံနိုင်ရေးသည် မိဘပြည်သူများ အ နေဖြင့် ရွေးချယ်ရာမှာ မှန်ကန်ဖို့လိုပေသည်။

ယခုအချိန်အခါသည် မကြခင် ကျင်းပတော့မည့် ၂၀၂၀ ရွေးကောက်ပွဲမှာ မိမိပါတီအောင်နိုင်ရေး အ တွက် ပြင်ဆင်ပြီး မဲဆွယ်စည်းရုံးလာကြတော့မည်ဖြစ်သည့်အလျှောက် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များကလည်း မဲအနိုင်ရရှိရေးကို ကြိုးစားကြမည်ကို ပြည်သူလူထုများက သေချာ စဉ်းစား ဆုံးဖြတ်ရမည့်အချိန်ဖြစ်လာမည်။

မည်သို့ပင်ဆိုစေ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်ရာမှာ ဒေသခံကိုယ်စားလှယ်များကသာ ဒေသနှင့် ဒေသခံမျိုးနွယ်စုများအကြောင်းကို ကောင်းကောင်းနားလည်သဘောပေါက်ခြင်းကြောင့် ဒေသခံကိုယ်စားလှယ်နှင့် ဒေသကို အခြေစိုက် ဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီများကို ရွေးချယ်ဖို့ရန် လိုအပ်သည်။ ဆိုလိုရင်းမှာ ဒေသ၊ မြို့နယ်၊ ပြည်နယ်တစ်ခုတွင် နိုင်ငံရေးပါတီသည် ငါးခုထက်မနည်း တည်ရှိနေခြင်းကြောင့် ယင်းတို့ဖြစ်တည်လာသည့် အခြေခံအကြောင်းအရင်းကို ခွဲခြား၍ ရွေးချယ်ရမည် ဟုဆိုလိုသည်။

ဒီမိုကရေစီပါတီသစ် (ကချင်) N.D.P (Kachin)ကို နိုင်ငံရေးပါတီအဖြစ် ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၉ ရက် နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည်။ ဒီမိုကရေစီပါတီသစ် (ကချင်) New Democracy Party (Kachin) သည် ကချင်အထူးဒေသ ၁ နယ်မြေဒေသတစ်ခုလုံးတွင် မှီတင်းနေထိုင် လျက်ရှိသော ဒေသခံတိုင်းရင်းပြည်သူလူထုကို အခြေခံ၍ ဖွဲ့စည်းထားသော ပါတီဖြစ်ကြောင်း ယင်းပါ တီမှ တာဝန်ရှိသူများထံက ဆိုသည်။

အဆိုပါ ပါတီကို တိုင်းရင်းသားပြည်သူများ၏ ဒေသနှင့် ဘဝလုံခြုံရေး၊ စားဝတ်နေရေးနှင့် လူမှုရေး လိုအပ်ချက်များပြည့်စုံရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကျင့်စဉ်ပါ အခွင့်အရေးများ ရရှိခံစားနိုင်ရေး တို့အတွက် ပြည်သူများနှင့် လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဟု ယင်းပါတီတာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီမိုကရေစီပါတီသစ်(ကချင်)ပါတီ၏ ပါတီမိတ်ဆက်ပွဲ အခမ်းအနားကို ပါတီရုံးချုပ်တည်ထားရာ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၊ ပန်ဝါမြို့မှာ အောက်တိုဘာလ ၈ ရက်နေ့က ပြုလုပ်ခဲ့သည်။ ပါတီမိတ်ဆက်ပွဲ၌ မြစ်ကြီးနားမြို့နယ်မှ (၅၃)ဦး၊ ဝိုင်းမော်မြို့ နယ်မှ (၃၈၃)ဦး၊ ချီဖွေမြို့နယ်မှ (၁၆၅၃) ဦး၊ ဆော့လောမြို့နယ်မှ (၅၈၀) ဦး မြို့နယ်(၄)မြို့နယ်မှ စုစုပေါင်း (၂၆၅၆)ဦး ပါတီဝင်အဆိုပြုလွှာများကို ပေးအပ်ခဲ့ကြောင်း ဒီမိုကရေစီပါတီသစ်(ကချင်) ပါတီမှ သိရသည်။

“ဒီခေတ်ဒီခါမှာက ပါတီနိုင်ငံရေးနဲ့ သွားနေပြီဖြစ်တယ်။ ဒါကြောင့် အဲ့ဒီလမ်းကြောင်းထဲ စုစည်းမှုတစ် ခုအနေနဲ့ ကျွန်တော်တို့ဝိုင်းဝန်းစုစည်းပြီးမှ သွားကြရမယ့် အခြေအနေ၊ အချိန်အခါ ရောက်နေပြီ ဖြစ်တယ်။ ဒီဒေသက တည်ငြိမ်အုပ်ချုပ်ရေးကို ထိန်းချုပ်တဲ့ လူကြီးတွေ ဒေသခံတွေကလည်း ဒီအမြင်တွေရှိတယ်။ အဲ့တော့ ကျွန်တော်တို့ဆီမှာလည်း ဒေသကို အခြေခံတဲ့ နိုင်ငံရေးပါတီ တစ်ခု၊ ဒေသပါတီတစ်ခု တည်ထောင်ဖို့လိုလာတယ်ဆိုပြီး ဒီဒေသခံပါတီဖြစ်တဲ့ ဒီမိုကရေစီပါတီသစ် (ကချင်)ကို ဖွဲ့စည်းတည်ထောင်ရတာဖြစ်ပါတယ်”ဟု ယင်းပါတီဥက္ကဋ္ဌ ဦးတိန့်ဆောင်က ပြောဆိုသည်။

ထိုကဲ့သို့ ပါတီသစ်မိတ်ဆက်ပွဲတွင် တာဝန်ရှိသူများ၏ ပြောစကားပဲဖြစ်ဖြစ်၊ မဲဆွယ်စည်းရုံးစဉ်ကာလ၌ ပြောဆိုသော ပြောစကားပဲဖြစ်ဖြစ် ယင်းပြောစကားများသည် နုတ်ကတိတည်ကြည်ဖို့လည်း လိုအပ် သည်။ နိုင်ငံတစ်ခုပဲဖြစ်ဖြစ်၊ ပြည်နယ်၊ ဒေသခံတစ်ခု၊ လူမျိုးတစ်ခုပဲဖြစ်ဖြစ် မည်သည့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် တည်ငြိမ်အေးချမ်းမှ ဆောင်ရွက်အကောင် အ ထည်ဖေါ်နိုင်မည်ဖြစ်သည်။

“နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်တဲ့အခါမှာ ငြိမ်းချမ်းမှ အောင်မြင်မယ်၊ ဒါ့အပြင် ဌာနေတိုင်းရင်းသားတွေအတွက် ဥပဒေနှင့်အညီ သင့်တင့်မျှတတဲ့ အခွင့်အရေးရရှိစေရန် လည်းဝိုင်းဝန်းကြိုးစားရမယ်”ဟု ကချင်အထူးဒေသ(၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်ဥက္ကဋ္ဌကြီး ဦးဇခုန်တိန့်ယိန်းက ပြောသည်။

နိုင်ငံရေးပါတီသည် မိမိဒေသ၊ လူမျိုးအကျိုးဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ဖွဲ့စည်းကြသော်လည်း ယင်းပါတီကိုသော်လည်းကောင်း၊ ယင်းပါတီမှ ကိုယ်စားလှယ်များကိုသော်လည်းကောင်း သက်ဆိုင်ရာ နေရာအလိုက် ရွေးကောက်တင်မြောက်ရမည့် တာဝန်မှာ ပြည်သူလူထုသာဖြစ်သည့်အတွက် လက်ရှိ များပြားလွန်းလှသော နိုင်ငံရေးပါတီ အစုအဖွဲ့များထဲမှ မှန်ကန်သော ပါတီကို ရွေးချယ်ကြရန် သတိပေး လိုပါသည်။

မကြာမီကာလတွင် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ၊ ယင်းနိုင်ငံရေးပါတီများမှ ရွေးကောက် ယှဉ်ပြိုင် ကြမည့် ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍသည် ရောက်ရှိလာတော့မည်ဖြစ်သည်။ ပြီးခဲ့သော ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၏ အတွေ့အကြုံများကို သင်ခန်းစာအဖြစ် မှတ်ယူကာ လာမည့် ၂၀၂၀ ရွေးကောက် ပွဲအတွက် ပြင်ဆင်မှုကြီးကြီးမားမားရှိကြမည်ဖြစ်သည်။

ထို့ကြောင့် ကချင်ပြည်နယ်၏ တန်းဖိုးထားမြတ်နိုးရာ ဒေသတစ်ခုဖြစ်သည့် ကချင်အထူးဒေသ (၁) ၏ အဘက်ဘက်ဖွံ့ဖြိုးတိုတက်ရေးကို မည်သည့်ပါတီအဖွဲ့အစည်းက ဦးဆောင်မှ လက်တွေ့ အကောင်အ ထည်ဖေါ်နိုင်မလဲဆိုတာကို ဒေသခံများက နားလည်ကြရမည်ဖြစ်သည်။

အထက်ဖေါ်ပြခဲ့သော ချစ်ခင်မြတ်နိုးဖွယ်ရာ ဒေသခံများ၏ ဓလေ့၊ သဘာဝတောတောင်အလှအပများ ရေရှည်တည်တန့်နိုင်ရေးအတွက်သည် ယင်းဒေသ၌ အုပ်ချုပ်သူအဖြစ်ဆောင်ရွက်မည့် အစိုးရမင်းများ နှင့် ဒေသခံများတွင်သာ အဓိက ဖြစ်သည့်အတွက် နိုင်ငံရေးပါတီများပြားသော အခြေအနေတစ်ခုတွင် ဒေသခံတိုင်းရင်းသားများ၏ အကျိုးကို ရှေးရှု ဆောင်ရွက်နိုင်မည့် နိုင်ငံရေးပါတီ ကိုသာလျှင် ချင့်ချိန် ရွေးချယ်နိုင်ရန် သတိချပ်စေလိုရင်း ရေးသားတင်ပြလိုက်ရပါသည်။

အယ်ဒီတာအာဘော်
ထာ၀ရငြိမ်းချမ်းရေးသတင်းကွန်ရက်
Eternally Peace News Network(EPN)
အောက်တိုဘာ ၁၅၊ ၂၀၁၉

—————————————————–
ကခ်င္အထူးေဒသ(၁) နဲ႔ ႏိုင္ငံေရးပါတီ
အယ္ဒီတာအာေဘာ္

ကခ်င္ျပည္နယ္သည္ ျမန္မာႏိုင္ငံ၏ ေျမပုံအရ ေျမာက္ဖ်ားပိုင္းမွာ က်ေရာက္သည့္ ျပည္နယ္တစ္ခု အျဖစ္ တည္ရွိေနသည္။ ျပည္နယ္အတြင္း ၿမိဳ႕နယ္ ၁၈ ၿမိဳ႕နယ္ႏွင့္ သတ္မွတ္ ဖြဲ႕စည္း တည္ေဆာက္ ထားၿပီး တိုင္းရင္းသားလူမ်ိဳး ေပါင္းစုံ မွီတင္းေနထိုင္ၾကရာ ေဒသျဖစ္သည္။

ကခ်င္ျပည္နယ္ကို ျမန္မာႏိုင္ငံရွိ လူထုအားလုံးနီးပါးက သိျမင္ၿပီးသားျဖစ္သလို အျခားေသာ ျပည္ပ ႏိုင္ ငံမ်ားကပါ ကခ်င္ျပည္နယ္လို႔ဆိုလိုက္႐ုံျဖင့္ ျမန္မာႏိုင္ငံသား/သူ ဟု တန္းသိႏိုင္သည္။ ကခ်င္ျပည္နယ္ အတြင္း တပ္မေတာ္ႏွင့္ ကခ်င္လက္နက္ကိုင္တပ္ဖြဲ႕ (ေကအိုင္ေအ)တို႔ၾကားတိုက္ပြဲျဖစ္ပြားေနမႈေၾကာင့္ ကခ်င္ျပည္နယ္ကို ကမာၻလုံးက စိတ္ဝင္တစားရွိေနၾကသည့္အျပင္ အဖိုးတန္သယံဇာတထြက္ရွိမႈက လည္း ကခ်င္ျပည္နယ္ကို လူသိ တိုးပြားလာေစေသာ အေၾကာင္းရင္းမ်ားျဖစ္ေပသည္။

ကခ်င္ျပည္နယ္ရွိ စိတ္ဝင္စားစရာ ၿမိဳ႕နယ္ေဒသအမ်ားႀကီးထဲမွ ကခ်င္အထူးေဒသ(၁)အတြင္းရွိ ေရ၊ ေျမ၊ ေတာေတာင္သဘာဝရႈခင္းမ်ားႏွင့္ တိုးတက္ေျပာင္းလဲလာမႈကို ေရးသားတင္ဆက္လိုေပသည္။ ကခ်င္အထူးေဒသ(၁)ကို ၁၉၉၀ခုႏွစ္ ဇန္နဝါရီလ (၁၅)ရက္ေန႔က ဝိုင္းေမာ္ၿမိဳ႕နယ္၊ ခ်ီေဖြၿမိဳ႕နယ္ႏွင့္ ေဆာ့္ေလာ္ၿမိဳ႕နယ္ကို ေပါင္းစပ္ကာ ေခၚေဝၚသတ္မွတ္ခဲ့ၾကေၾကာင္း သိရသည္။

ကခ်င္အထူးေဒသ(၁)ရွိ ၿမိဳ႕နယ္မ်ားတြင္ စိမ္းလန္းစိုေျပေနသည့္ သဘာဝ ေတာေတာင္ ေရေျမသ ဘာဝပတ္ဝန္းက်င္မ်ားကို ျမင္ေတြ႕ရရင္ျဖင့္ စိတ္ၾကည္ႏူး လန္းဆန္းသြားေစသည့္ အျပင္ ယင္းေဒသမွာ တိုင္းရင္းသားေပါင္းစုံ စုံစည္းေနထိုင္ၾကၿပီး ၎တို႔၏ ယဥ္ေက်းပ်ဴငွာစြာ ခင္မင္ဆက္ဆံတတ္မႈဟာ လည္း အလြန္ပင္ ျမတ္ႏိုးရေပသည္။

ယေန႔ေခတ္သည္ ႏိုင္ငံေတာ္အစိုးရမင္းမ်ားက ေျပာဆိုေနၾကေသာ ဖက္ဒရယ္ဒီမိုကေရစီႏိုင္ငံေတာ္ သစ္ဆီသို႔ တက္လွမ္း ေလွ်ာက္လွမ္းေနသည့္ ေခတ္တစ္ေခတ္ျဖစ္သည္။ ယခုလို အခ်ိန္အခါသမယမွာ ေဒသကို ဖြံ႕ၿဖိဳးတိုးတက္ေအာင္ ေဆာင္႐ြက္ႏိုင္ရန္အလို႔ငွာ ႏိုင္ငံေရးပါတီမ်ားလည္း သူ႔ထက္ငါ အၿပိဳင္ အဆိုင္ တည္ေထာင္လာၾကသည္။

ထိုသို႔ ႏိုင္ငံေရးပါတီမ်ား တိုးခ်ဲ႕ဖြဲ႕စည္းလာျခင္းသည္ ျမန္မာတစ္ႏိုင္ငံလုံးရွိ ေဒသမ်ားသာမက ကခ်င္ ျပည္နယ္တြင္လည္း ရည္႐ြယ္ခ်က္အမ်ိဳးမ်ိဳး၊ ပုံစံအမ်ိဳးမ်ိဳးျဖင့္ ဖြဲ႕စည္းတည္ေထာင္လာၾကသည္။ သို႔ ေသာ္ ယင္းပါတီမ်ားအေပၚ ယုံၾကည္စိတ္ခ်ၿပီး ပါတီဝင္အျဖစ္ လက္ခံႏိုင္ေရးသည္ မိဘျပည္သူမ်ား အ ေနျဖင့္ ေ႐ြးခ်ယ္ရာမွာ မွန္ကန္ဖို႔လိုေပသည္။

ယခုအခ်ိန္အခါသည္ မၾကခင္ က်င္းပေတာ့မည့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ မိမိပါတီေအာင္ႏိုင္ေရး အ တြက္ ျပင္ဆင္ၿပီး မဲဆြယ္စည္း႐ုံးလာၾကေတာ့မည္ျဖစ္သည့္အေလွ်ာက္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ကိုယ္စားလွယ္မ်ားကလည္း မဲအႏိုင္ရရွိေရးကို ႀကိဳးစားၾကမည္ကို ျပည္သူလူထုမ်ားက ေသခ်ာ စဥ္းစား ဆုံးျဖတ္ရမည့္အခ်ိန္ျဖစ္လာမည္။

မည္သို႔ပင္ဆိုေစ မိမိေဒသဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ေဆာင္ရာမွာ ေဒသခံကိုယ္စားလွယ္မ်ားကသာ ေဒသႏွင့္ ေဒသခံမ်ိဳးႏြယ္စုမ်ားအေၾကာင္းကို ေကာင္းေကာင္းနားလည္သေဘာေပါက္ျခင္းေၾကာင့္ ေဒသခံကိုယ္စားလွယ္ႏွင့္ ေဒသကို အေျခစိုက္ ဖြဲ႕စည္းထားသည့္ ႏိုင္ငံေရးပါတီမ်ားကို ေ႐ြးခ်ယ္ဖို႔ရန္ လိုအပ္သည္။ ဆိုလိုရင္းမွာ ေဒသ၊ ၿမိဳ႕နယ္၊ ျပည္နယ္တစ္ခုတြင္ ႏိုင္ငံေရးပါတီသည္ ငါးခုထက္မနည္း တည္ရွိေနျခင္းေၾကာင့္ ယင္းတို႔ျဖစ္တည္လာသည့္ အေျခခံအေၾကာင္းအရင္းကို ခြဲျခား၍ ေ႐ြးခ်ယ္ရမည္ ဟုဆိုလိုသည္။

ဒီမိုကေရစီပါတီသစ္ (ကခ်င္) N.D.P (Kachin)ကို ႏိုင္ငံေရးပါတီအျဖစ္ ၂၀၁၉ ခုႏွစ္ ၾသဂုတ္လ ၂၉ ရက္ ေန႔က ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ထုတ္ျပန္ခဲ့သည္။ ဒီမိုကေရစီပါတီသစ္ (ကခ်င္) New Democracy Party (Kachin) သည္ ကခ်င္အထူးေဒသ ၁ နယ္ေျမေဒသတစ္ခုလုံးတြင္ မွီတင္းေနထိုင္ လ်က္ရွိေသာ ေဒသခံတိုင္းရင္းျပည္သူလူထုကို အေျခခံ၍ ဖြဲ႕စည္းထားေသာ ပါတီျဖစ္ေၾကာင္း ယင္းပါ တီမွ တာဝန္ရွိသူမ်ားထံက ဆိုသည္။

အဆိုပါ ပါတီကို တိုင္းရင္းသားျပည္သူမ်ား၏ ေဒသႏွင့္ ဘဝလုံၿခဳံေရး၊ စားဝတ္ေနေရးႏွင့္ လူမႈေရး လိုအပ္ခ်က္မ်ားျပည့္စုံေရး၊ လူ႔အခြင့္အေရးႏွင့္ ဒီမိုကေရစီက်င့္စဥ္ပါ အခြင့္အေရးမ်ား ရရွိခံစားႏိုင္ေရး တို႔အတြက္ ျပည္သူမ်ားႏွင့္ လက္တြဲပူးေပါင္းေဆာင္႐ြက္သြားမည္ဟု ယင္းပါတီတာဝန္ရွိသူတစ္ဦးက ေျပာသည္။

ဒီမိုကေရစီပါတီသစ္(ကခ်င္)ပါတီ၏ ပါတီမိတ္ဆက္ပြဲ အခမ္းအနားကို ပါတီ႐ုံးခ်ဳပ္တည္ထားရာ ျမစ္ႀကီးနားခ႐ိုင္၊ ခ်ီေဖြၿမိဳ႕နယ္၊ ပန္ဝါၿမိဳ႕မွာ ေအာက္တိုဘာလ ၈ ရက္ေန႔က ျပဳလုပ္ခဲ့သည္။ ပါတီမိတ္ဆက္ပြဲ၌ ျမစ္ႀကီးနားၿမိဳ႕နယ္မွ (၅၃)ဦး၊ ဝိုင္းေမာ္ၿမိဳ႕ နယ္မွ (၃၈၃)ဦး၊ ခ်ီေဖြၿမိဳ႕နယ္မွ (၁၆၅၃) ဦး၊ ေဆာ့ေလာၿမိဳ႕နယ္မွ (၅၈၀) ဦး ၿမိဳ႕နယ္(၄)ၿမိဳ႕နယ္မွ စုစုေပါင္း (၂၆၅၆)ဦး ပါတီဝင္အဆိုျပဳလႊာမ်ားကို ေပးအပ္ခဲ့ေၾကာင္း ဒီမိုကေရစီပါတီသစ္(ကခ်င္) ပါတီမွ သိရသည္။

“ဒီေခတ္ဒီခါမွာက ပါတီႏိုင္ငံေရးနဲ႔ သြားေနၿပီျဖစ္တယ္။ ဒါေၾကာင့္ အဲ့ဒီလမ္းေၾကာင္းထဲ စုစည္းမႈတစ္ ခုအေနနဲ႔ ကြၽန္ေတာ္တို႔ဝိုင္းဝန္းစုစည္းၿပီးမွ သြားၾကရမယ့္ အေျခအေန၊ အခ်ိန္အခါ ေရာက္ေနၿပီ ျဖစ္တယ္။ ဒီေဒသက တည္ၿငိမ္အုပ္ခ်ဳပ္ေရးကို ထိန္းခ်ဳပ္တဲ့ လူႀကီးေတြ ေဒသခံေတြကလည္း ဒီအျမင္ေတြရွိတယ္။ အဲ့ေတာ့ ကြၽန္ေတာ္တို႔ဆီမွာလည္း ေဒသကို အေျခခံတဲ့ ႏိုင္ငံေရးပါတီ တစ္ခု၊ ေဒသပါတီတစ္ခု တည္ေထာင္ဖို႔လိုလာတယ္ဆိုၿပီး ဒီေဒသခံပါတီျဖစ္တဲ့ ဒီမိုကေရစီပါတီသစ္ (ကခ်င္)ကို ဖြဲ႕စည္းတည္ေထာင္ရတာျဖစ္ပါတယ္”ဟု ယင္းပါတီဥကၠ႒ ဦးတိန႔္ေဆာင္က ေျပာဆိုသည္။

ထိုကဲ့သို႔ ပါတီသစ္မိတ္ဆက္ပြဲတြင္ တာဝန္ရွိသူမ်ား၏ ေျပာစကားပဲျဖစ္ျဖစ္၊ မဲဆြယ္စည္း႐ုံးစဥ္ကာလ၌ ေျပာဆိုေသာ ေျပာစကားပဲျဖစ္ျဖစ္ ယင္းေျပာစကားမ်ားသည္ ႏုတ္ကတိတည္ၾကည္ဖို႔လည္း လိုအပ္ သည္။ ႏိုင္ငံတစ္ခုပဲျဖစ္ျဖစ္၊ ျပည္နယ္၊ ေဒသခံတစ္ခု၊ လူမ်ိဳးတစ္ခုပဲျဖစ္ျဖစ္ မည္သည့္ ဖြံ႕ၿဖိဳးတိုးတက္ေရး လုပ္ငန္းမ်ားကို ေဆာင္႐ြက္ရာတြင္ တည္ၿငိမ္ေအးခ်မ္းမွ ေဆာင္႐ြက္အေကာင္ အ ထည္ေဖၚႏိုင္မည္ျဖစ္သည္။

“ႏိုင္ငံတစ္ႏိုင္ငံ ဖြံ႕ၿဖိဳးတိုးတက္ရန္ လုပ္ေဆာင္တဲ့အခါမွာ ၿငိမ္းခ်မ္းမွ ေအာင္ျမင္မယ္၊ ဒါ့အျပင္ ဌာေနတိုင္းရင္းသားေတြအတြက္ ဥပေဒႏွင့္အညီ သင့္တင့္မွ်တတဲ့ အခြင့္အေရးရရွိေစရန္ လည္းဝိုင္းဝန္းႀကိဳးစားရမယ္”ဟု ကခ်င္အထူးေဒသ(၁) ထာဝရၿငိမ္းခ်မ္းေရးအဖြဲ႕ခ်ဳပ္ဥကၠ႒ႀကီး ဦးဇခုန္တိန႔္ယိန္းက ေျပာသည္။

ႏိုင္ငံေရးပါတီသည္ မိမိေဒသ၊ လူမ်ိဳးအက်ိဳးေဆာင္႐ြက္ႏိုင္ဖို႔ ရည္႐ြယ္ဖြဲ႕စည္းၾကေသာ္လည္း ယင္းပါတီကိုေသာ္လည္းေကာင္း၊ ယင္းပါတီမွ ကိုယ္စားလွယ္မ်ားကိုေသာ္လည္းေကာင္း သက္ဆိုင္ရာ ေနရာအလိုက္ ေ႐ြးေကာက္တင္ေျမာက္ရမည့္ တာဝန္မွာ ျပည္သူလူထုသာျဖစ္သည့္အတြက္ လက္ရွိ မ်ားျပားလြန္းလွေသာ ႏိုင္ငံေရးပါတီ အစုအဖြဲ႕မ်ားထဲမွ မွန္ကန္ေသာ ပါတီကို ေ႐ြးခ်ယ္ၾကရန္ သတိေပး လိုပါသည္။

မၾကာမီကာလတြင္ ႏိုင္ငံေရးပါတီမ်ား၏ အခန္းက႑၊ ယင္းႏိုင္ငံေရးပါတီမ်ားမွ ေ႐ြးေကာက္ ယွဥ္ၿပိဳင္ ၾကမည့္ ကိုယ္စားလွယ္မ်ား၏ အခန္းက႑သည္ ေရာက္ရွိလာေတာ့မည္ျဖစ္သည္။ ၿပီးခဲ့ေသာ ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲ၏ အေတြ႕အႀကဳံမ်ားကို သင္ခန္းစာအျဖစ္ မွတ္ယူကာ လာမည့္ ၂၀၂၀ ေ႐ြးေကာက္ ပြဲအတြက္ ျပင္ဆင္မႈႀကီးႀကီးမားမားရွိၾကမည္ျဖစ္သည္။

ထို႔ေၾကာင့္ ကခ်င္ျပည္နယ္၏ တန္းဖိုးထားျမတ္ႏိုးရာ ေဒသတစ္ခုျဖစ္သည့္ ကခ်င္အထူးေဒသ (၁) ၏ အဘက္ဘက္ဖြံ႕ၿဖိဳးတိုတက္ေရးကို မည္သည့္ပါတီအဖြဲ႕အစည္းက ဦးေဆာင္မွ လက္ေတြ႕ အေကာင္အ ထည္ေဖၚႏိုင္မလဲဆိုတာကို ေဒသခံမ်ားက နားလည္ၾကရမည္ျဖစ္သည္။

အထက္ေဖၚျပခဲ့ေသာ ခ်စ္ခင္ျမတ္ႏိုးဖြယ္ရာ ေဒသခံမ်ား၏ ဓေလ့၊ သဘာဝေတာေတာင္အလွအပမ်ား ေရရွည္တည္တန႔္ႏိုင္ေရးအတြက္သည္ ယင္းေဒသ၌ အုပ္ခ်ဳပ္သူအျဖစ္ေဆာင္႐ြက္မည့္ အစိုးရမင္းမ်ား ႏွင့္ ေဒသခံမ်ားတြင္သာ အဓိက ျဖစ္သည့္အတြက္ ႏိုင္ငံေရးပါတီမ်ားျပားေသာ အေျခအေနတစ္ခုတြင္ ေဒသခံတိုင္းရင္းသားမ်ား၏ အက်ိဳးကို ေရွးရႈ ေဆာင္႐ြက္ႏိုင္မည့္ ႏိုင္ငံေရးပါတီ ကိုသာလွ်င္ ခ်င့္ခ်ိန္ ေ႐ြးခ်ယ္ႏိုင္ရန္ သတိခ်ပ္ေစလိုရင္း ေရးသားတင္ျပလိုက္ရပါသည္။

အယ္ဒီတာအာေဘာ္
ထာ၀ရၿငိမ္းခ်မ္းေရးသတင္းကြန္ရက္
Eternally Peace News Network(EPN)
ေအာက္တိုဘာ ၁၅၊ ၂၀၁၉


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။