Trending Now

အစ္စရေးနိုင်ငံက ကမ္ဘာပတ်လမ်းအတွင်း သူလျှိုဂြိုဟ်တု အောင်မြင်စွာ လွှတ်တင်

Spread the love

အစ္စရေးနိုင်ငံက ကမ္ဘာပတ်လမ်းအတွင်း သူလျှိုဂြိုဟ်တု အောင်မြင်စွာ လွှတ်တင်

EPN
နိုင်ငံတကာ၊ ဇူလိုင် ၆

အစ္စရေးနိုင်ငံသည် ယနေ့နံနက်ပိုင်းက ဂြိုဟ်ပတ်လမ်းအတွင်း သူလျှိုဂြိုဟ်တုတစ်လုံး လွှတ်တင်ခဲ့ ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနှင့် အစ္စရေးအာကာသလုပ်ငန်း (IAI) တို့က ပူးတွဲထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးညွှန်ကြားမှုဦးစီးဌာန၊ အာ ကာသဌာနခွဲနှင့် အစ္စရေးအာကာသလုပ်ငန်း (IAI) တို့က အာကာသအတွင်း ထောက်လှမ်းရေးဂြိုဟ်တု “Ofek 16” ကို အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ထောက်လှမ်းရေးဂြိုဟ်တုကို အစ္စရေးနိုင်ငံအလယ်ပိုင်းရှိ နယ်မြေတစ်ခုမှ ယနေ့နံနက် ၄ နာရီတွင် လွှတ်တင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“Ofek 16” ဆိုသည်မှာ ခေတ်မီစွမ်းရည်များပါရှိသည့် အဆင့်မြင့်နည်းပညာသုံး သူလျှိုဂြိုဟ်တုတစ် လုံးဖြစ်ကြောင်း၊ ဂြိုဟ်တု အပြည့်အဝ မလည်ပတ်မီ အင်ဂျင်နီယာများက စမ်းသပ်မှုများ လုပ်ဆောင်မည်ဖြစ် ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

ယခုကဲ့သို့ ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်နိုင်မှုက တိုင်းပြည်၏ ကာကွယ်ရေးလုပ်ငန်းများအ တွက် သာမန်ထက်ပိုသော အောင်မြင်မှုတစ်ခုဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီး ဘန်နီဂန့်ဇ်က ပြော သည်။

“နည်းပညာသာလွန်မှုနဲ့ ထောက်လှမ်းရေးစွမ်းဆောင်ရည်တွေက အစ္စရေးနိုင်ငံရဲ့ လုံခြုံရေးအတွက် မ ရှိမဖြစ် အရေးကြီးပါတယ်။ အခုဆိုရင် အစ္စရေးနိုင်ငံက ကမ္ဘာပေါ်မှာ ဂြိုဟ်တုလွှတ်တ်နိုင်တဲ့ ၁၃ ခုမြောက် တိုင်းပြည်ဖြစ်လာပါပြီ” ဟု ၄င်းက ပြောသည်။

ပထမဆုံးသော “Ofek” ဂြိုဟ်တုကို ၁၉၈၈ ခုနှစ်တွင် လွှတ်တင်ခဲ့သည်။ ယနေ့အချိန်တွင် ကမ္ဘာပတ် လမ်းအတွင်း “Ofek 16” ဂြိုဟ်တုခြောက်လုံး ရှိနေပြီဖြစ်သည်။

–ကိုးကား–
ဂျေအင်န်အက်စ်
Ref; Israel successfully launches new spy satellite into orbit


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။