Trending Now

ပို်င်နက်ထဲမှာရှိတဲ့ ကိုရီးယားနှစ်နိုင်ငံညှိနှိုင်းဆက်သွယ်ရေးရုံးကို မြောက်ကိုရီးယားဖောက်ခွဲ

Spread the love

ပိုင်နက်ထဲမှာရှိတဲ့ ကိုရီးယားနှစ်နိုင်ငံညှိနှိုင်းဆက်သွယ်ရေးရုံးကို မြောက်ကိုရီးယားဖောက်ခွဲ 

EPN
နိုင်ငံတကာ၊ ဇွန် ၁၆

မြောက်ကိုရီးယားနယ်စပ်မြို့၊ ကေဆောင်းနားမှာရှိတဲ့နှစ်နိုင်ငံညှိနှိုင်းဆက်သွယ်ရေးရုံးကို မြောက်ကိုရီးယား ဘက်ကဖောက်ခွဲလိုက်တယ်လို့ တောင်ကိုရီးယားအရာရှိတွေကပြောပါတယ်။

တောင်ကိုရီးယားကို စစ်ရေးခြိမ်းခြောက်မှုတွေလုပ်ပြီး နာရီပိုင်းအကြာမှာ အခုဖြစ်ရပ်ဖြစ်လာတာပါ။

မြောက်ကိုရီးယားပိုင်နက်မှာရှိတဲ့ရုံးဟာ ၂၀၁၈ ခုနှစ်မှာ ကိုရီးယား ၂ နိုင်ငံဆက်ဆံရာမှာအထောက်အကူဖြစ်ဖို့ ဖွင့်လှစ်ခဲ့ပြီး ဇန်နဝါရီကတည်းက COVID-19 ကန့်သတ်မှုတွေကြောင့် လူမရှိဖြစ်နေတာပါ။

မြောက်ကိုရီးယားနိုင်ငံကနေတောင်ကိုရီးယားနိုင်ငံကိုထွက်ပြေးခဲ့ပြီး ဝါဒဖြန့်လက်ကမ်းစာစောင်တွေကို မိုးပျံပူ ဖောင်းတွေနဲ့မြောက်ကိုရီးယားဘက်ပို့နေတဲ့လူတွေကြောင့် နှစ်နိုင်ငံဆက်ဆံရေးတင်းမာနေတာ သီတင်းပတ်ချီ ကြာနေပါပြီ။

ပြီးခဲ့တဲ့သီတင်းပတ်အကုန်ကာလမှာ အဲဒီရုံးကို ဆိုးရွားတဲ့မြင်ကွင်းတစ်ခုဖြစ်လာအောင်ဖြိုချဖို့ မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအွန်ရဲ့ညီမကင်ယိုဂျွန်းက ခြိမ်းခြောက်တဲ့ထုတ်ပြန်ချက်ထုတ်ခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံကပြန်လည်ပေါင်းစည်းရေး၀န်ကြီးဌာနက ဒေသစံတော်ချိန်ဒီနေ့ညနေပိုင်းမှာ ညှိနှိုင်း ဆက်သွယ်ရေးရုံးမှာ ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ အတည်ပြုပါတယ်။

အမေရိကန်နဲ့နျူကလီးယားအရေးဆွေးနွေးညှိနှိုင်းမှုတွေတစ်ဆို့နေလို့ သြဇာကြီးလာအောင် အကြပ်အတည်း တစ်ခုကိုဖန်တီးဖို့ မြောက်ကိုရီးယားဘက်က ပြင်ဆင်နေတာဖြစ်နိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါ တယ်။

၁၉၅၃ ခုနှစ်မှာ ကိုရီးယားစစ်ပွဲပြီးဆုံးခဲ့ပေမဲ့ ကိုရီးယားနိုင်ငံဟာ ငြိမ်းချမ်းရေးစာချုပ်မချုပ်ရသေးလို့ စစ်ပွဲကာလ မှာပဲရှိနေပါသေးတယ်။

Ref : North Korea ‘blows up joint liaison office’ with South


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။