Trending Now

အာဆီယံအစည်းအဝေးမှာ မြန်မာနိုင်ငံအပေါ် ပြင်းထန်တဲ့ အရေးယူမှုတွေလုပ်ဖို့ မလေးရှားက တောင်းဆို

Spread the love

အာဆီယံအစည်းအဝေးမှာ မြန်မာနိုင်ငံအပေါ် ပြင်းထန်တဲ့ အရေးယူမှုတွေလုပ်ဖို့ မလေးရှားက တောင်းဆို

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၅

၂ နှစ်ကျော်ကြာလာတဲ့အထိ ငြိမ်းချမ်းရေးအစီအစဉ်မှာ တိုးတက်မှုမရှိခဲ့ဟုဆိုကာ မြန်မာနိုင်ငံအပေါ် ပြင်းထန်တဲ့ အရေးယူမှုတွေလုပ်ဖို့ မလေးရှားက အာဆီယံအစည်းအဝေးမှာ တောင်းဆိုလိုက်ပါတယ်။

ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှု တိုးတက်မှုမရှိခြင်းဟာ န.စ.က အစိုးရ ဖန်တီးထားတဲ့ အတားအဆီးတွေကြောင့် လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

“မလေးရှားနဲ့ တခြားအဖွဲ့ဝင်နိုင်ငံတွေက စစ်အစိုးရအပေါ် ခိုင်ခိုင်မာမာနဲ့ ထိရောက်တဲ့ အစီအမံတွေ မပါဘဲ ဒါကို ဆက်လုပ်ဖို့ ခွင့်မပြုနိုင်ဘူးလို့ မြင်ပါတယ်။” လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Zambry Abdul Kadir က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောဆိုခဲ့တာဖြစ်ပါတယ်။

မလေးရှားရဲ့ အမြင်ကို သဘောတူညီခဲ့ကြတဲ့ အခြားအာဆီယံ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အမည်ကိုတော့ သူက ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပါဘူး။

မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ထဲကို ယခင်စစ်အစိုးရလက်ထက် ၁၉၉၇ ခုနှစ်ကတည်းက ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

ref; aljazeera


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။