Trending Now

အမေရိကန် မောင်းသူမဲ့လေယာဉ် တိုက်ခိုက်မှုအတွင်း 9/11 မှာ ပါဝင်ခဲ့တဲ့ အယ်လ်ကေးဒါးခေါင်းဆောင် အယ်လ်ဇာဝါဟီရီသေဆုံး

Spread the love

အမေရိကန် မောင်းသူမဲ့လေယာဉ် တိုက်ခိုက်မှုအတွင်း 9/11 မှာ ပါဝင်ခဲ့တဲ့ အယ်လ်ကေးဒါးခေါင်းဆောင် အယ်လ်ဇာဝါဟီရီသေဆုံး

EPN
နိုင်ငံတကာ၊ သြဂုတ် ၂

အမေရိကန် စီအိုင်အေ က အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်မှာ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ အကြမ်းဖက်မှု တန်ပြန်ရေး စစ်ဆင်ရေးအတွင်း အယ်လ်ကေးဒါးခေါင်းဆောင် အယ်လ်ဇာဝါဟီရီသေဆုံး သွားခဲ့ကြောင်း ဂျိုးဘိုင်ဒင်က ပြောဆိုလိုက်ပါတယ်။

အယ်လ်ကေးဒါးခေါင်းဆောင် အယ်လ်ဇာဝါဟီရီဟာ သူခိုအောင်းနေထိုင်တဲ့ နေအိမ် လသာဆောင်ပေါ်မှာ ရှိနေချိန် အမေရိကန်က မောင်သူမဲ့လေယာဉ်နဲ့ ဒုံးကျဉ်နှစ်စင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အယ်လ်ကေးဒါးခေါင်းဆောင် ခိုအောင်းနေတဲ့ နေရာမှာ အခြားမိသားစုဝင်တွေ ရှိနေခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရှိမှုမရှိခဲ့ဘူးလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။

“သူ့ကို ဖယ်ရှားပစ်ဖို့ တိကျတဲ့ တိုက်ခိုက်မှုကို ကျွန်တော် ခွင့်ပြုထားပါတယ် တိုက်ခိုက်မှုအတွင်းမှာ အရပ်သား အသေအပျောက်တော့ မရှိပါဘူး” လို့ အိမ်ဖြူတော်က တိုက်ရိုက်မိန့်ခွန်း မှာ ဘိုင်ဒင်က ပြောပါတယ်။

၂၀၁၁ ခုနှစ်မှာ အိုစမာဘင်လာဒင် သေဆုံးပြီးနောက် အယ်လ်ကေးဒါးခေါင်းဆောင်ဖြစ်လာခဲ့တဲ့ အယ်လ်ဇာဝါဟီရီဟာ ဘင်လာဒင် နဲ့ 9/11 တိုက်ခိုက်မှုကို အတူလုပ်ဆောင်ခဲ့တာဖြစ်လို့ အမေရိကန်ရဲ့ အလိုအရှိဆုံး အကြမ်းဖက်သမားတွေထဲက တစ်ဦးဖြစ်ပါတယ်။

တာလီဘန် ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အမေရိကန်ရဲ့ စစ်ဆင်ရေးဟာ နိုင်ငံတကာ အခြေခံမူတွေကို ပြတ်ပြတ်သားသား ချိုးဖောက်ခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

“ဒီလို လုပ်ရပ်တွေဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ က မအောင်မြင်ခဲ့တဲ့ လုပ်ရပ်တွေအတိုင်း အမေရိကန်၊ အာဖဂန်နစ္စတန်နဲ့ ဒေသတွင်း အကျိုးစီးပွားတွေကို ဆန့်ကျင်နေပါတယ်” လို့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဘိုင်ဒင်က ၂၀၀၁ ခုနှစ်က အယ်လ်ကေးဒါး တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ လူပေါင်း ၃၀၀၀ နီးပါးအတွက် တရားဝင်လုပ်ဆောင်ခွင့်ရှိတဲ့ စစ်ဆင်ရေးအဖြစ်တယ်လို့ ပြောပါတယ်။

“ဘယ်လောက်ကြာကြာ သင်ပုန်းအောင်းနေပါစေ မင်းက ငါတို့ပြည်သူတွေကို ခြိမ်းခြောက်နေတယ်ဆိုရင် အမေရိကန်က မင်းကိုရှာတွေ့ပြီး ဖယ်ထုတ်သွားမှာပါ ကျွန်တော်တို့နိုင်ငံကို ကာကွယ်ဖို့ ဘယ်တော့မှ မယိမ်းယိုင်ပါဘူး” လို့ ဘိုင်ဒင်က ပြောပါတယ်။

source – bbc/xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။