Trending Now

ဗန်းမော်မြို့တွင် တစ်ရက်အတွင်း အမျိုးသမီးသုံးဦးနှင့် အမျိုးသားနှစ်ဦးထံမှ ဘိန်းဖြူများ ဖမ်းဆီးရမိ

Spread the love

ဗန်းမော်မြို့တွင် တစ်ရက်အတွင်း အမျိုးသမီးသုံးဦးနှင့် အမျိုးသားနှစ်ဦးထံမှ ဘိန်းဖြူများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား ၊ မေလ ၂၁

ကချင်ပြည်နယ် ၊ဗန်းမော်မြို့နယ် ပေါက်ကုန်းရပ်ကွက်၊ ဗန်းမော်-မံစီသွားကားလမ်းတွင် အမျိုးသမီးသုံးဦးနှင့်အမျိုးသားနှစ်ဦးထံမှ ကျပ်ငွေ ၇၉. ၂ သိန်းတန်ဖိုးရှိဘိန်းဖြူများ ယမန်နေ့ည ၆ နာရီအချိန်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဗန်းမော်မြို့မရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ဗန်းမော်မြို့နယ်၊ ပေါက်ကုန်းရပ်ကွက်၊ ဗန်းမော်-မံစီသွားကားလမ်းတွင် ရဲရင့်ကိုကို မောင်းနှင်ပြီး မဇင်မာဦး စီးနင်းလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား သတင်းအရ ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသော ကျောပိုးအိတ်အတွင်းမှ ဘိန်းဖြူအလေးချိန် ၉၉ ဂရမ်(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၃၉.၆ သိန်း)၊ လက်ကိုင်ဖုန်း ၁ လုံး နှင့် မြန်မာငွေကျပ် ၁၀၀၀၀၀ တို့အားတွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ည ၇ နာရီအချိန်ခန့်တွင် ပေါက်ကုန်းရပ်ကွက်၊ ကုက္ကိုလ်တောအောက်ချိုင့် လမ်းတွင် ထွန်းခင် အားတွေ့ရှိပြီး ၎င်းကိုင်ဆောင်ထားသည့် ကြွပ်ကြွပ်အိတ်အတွင်းမှ ဘိန်းဖြူအလေးချိန် ၉၉ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၉.၆ သိန်း)၊ လက်ကိုင်ဖုန်း ၁ လုံး၊ မြန်မာငွေကျပ် ၁၀၀၀၀၀ တို့အားထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းအပြင် ည ၈ နာရီခန့်တွင် သာစည်ရပ်ကွက်၊ ဗန်းမော်-မိုးမောက်သွားကားလမ်းတွင် မစံပယ်ဝင်း နှင့် မသီတာချို တို့အား သတင်းအရစစ်ဆေးခဲ့ရာ မော်တော်ဆိုင်ကယ်တစ်စီး၊ လက်ကိုင်ဖုန်း ၁ လုံး၊ မြန်မာငွေကျပ် ၁၀၀၀၀၀ တို့အားလည်းကောင်း ထပ်မံဖမ်းဆီးရမိခြင်းဖြစ်သည်။

အဆိုပါ မှုးယစ်ဆေးဝါးနှင့်ပက်သက်သော ရဲရင့်ကိုကို (၂၇)နှစ်၊ မဇင်မာဦး (၃၄)နှစ်၊ ထွန်းခင် (၅၅)နှစ်၊ မစံပယ်ဝင်း (၃၇)နှစ် နှင့် မသီတာချို(၃၅)နှစ်တို့အား ဗန်းမော်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိလျှက်ရှိကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။