Trending Now

ပူတာအိုမြို့နယ်ရှိ ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စုများအတွက် ထောက်ပံ့ပေးအပ်

Spread the love

ပူတာအိုမြို့နယ်ရှိ ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စုများအတွက် ထောက်ပံ့ပေးအပ်

 

EPN
ပူတာအို၊ ဇူလိုင် ၇

ကချင်ပြည်နယ်၊ပူတာအိုမြို့နယ်ရှိ ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စုများအတွက် ကချင်ပြည် နယ်အစိုးရအဖွဲ့ဝင် လီဆူတိုင်းရင်းသားရေးရာဝန်ကြီးဦးအားတီယောဟန်က ဇူလိူင်လ ၆ရက်နေ့က ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရ သည်။

အဆိုပါ ထောက်ပံ့ပေးအပ်ခဲ့ရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးယောဆီ၊ပူတာအိုမြို့နယ်အုပ်ချုပ်ရေးမှူးဦးသန့်စင်တို့နှင့်အတူနိုင်ငံတော်မှထောက်ပံ့သောCOVID-19ကာလပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားများအတွက်ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ပူတာအိုမြို့နယ်ရှိ မန်စေခွန်းအုပ်စုတွင်အိမ်ထောင်စု(၁)စု လျှင်(၁၅၀၀၀)နှုန်းဖြင့်စုစုပေါင်းအိမ်ထောင်စု(၁၀)စု၊ ပမ္မတီကျေးရွာအုပ်စုတွင်အိမ်ထောင်စု(၁)စု လျှင်(၁၅၀၀၀)နှုန်းဖြင့်စုစုပေါင်းအိမ်ထောင်စု(၁၆)စု တို့အတွက် နိုင်ငံတော်မှထောက်ပံ့မူကိုအခြေခံလူတန်းစားများအတွက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ယခုထောက်ပံ့ခဲ့သော အိမ်ထောင်စုများသည် နိုင်ငံတော်က ပထမအကြိမ်ထောက်ပံ့မှုကို
မရရှိခဲ့သော အခြေခံလူတန်းစားများအတွက်ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်းသိရသည်။

ကေသီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။