Trending Now

ေပ်ာက္ဆံုးသြားေသာ (၁၃)ႏွစ္အရြယ္ကေလး (၅)ရက္အၾကာတြင္ ေသဆံုးလွ်က္ေတြ႕ရွိ

Spread the love

ေပ်ာက္ဆံုးသြားေသာ (၁၃)ႏွစ္အရြယ္ကေလး (၅)ရက္အၾကာတြင္ ေသဆံုးလွ်က္ေတြ႕ရွိ

EPN
မိုးညႇင္း၊ မတ္၃၁

ကခ်င္ျပည္နယ္၊ မိုးညႇင္းခ႐ိုင္၊ မိုးညႇင္းၿမိဳ႕နယ္၊ မိုးညႇင္းၿမိဳ႕ေရွာင္လမ္းမႀကီးသြား ေမာင္စိန္ေတာင္ေန ၿခံလုပ္ငန္းလုပ္ကိုင္သူ  ဦးထြန္းတင္၊ လမ္းအထူးအဖြဲ႕(၂) ျမစ္ႀကီးနား၏  သား ျဖစ္သူ ေမာင္ဂြၽန္လံုဘုတ္ အသက္(၁၃)ႏွစ္သည္ မတ္လ(၂၇)ရက္ေန႔တြင္ ေပ်ာက္ဆံုးသြားခဲ့ရာ အဆိုပါကေလးအား (၅)ရက္အၾကာတြင္  ေသဆံုးလွ်က္ေတြ႕ရိွခဲ့ေၾကာင္း မိုးညႇင္းၿမိဳ႕ မရဲစခန္းမွ သိရသည္။

ျဖစ္စဥ္မွာ မိုးညႇင္းခရိုင္၊ မိုးညႇင္းၿမိဳ႕နယ္၊ မိုးညႇင္းၿမိဳ႕ေရွာင္လမ္းမႀကီးသြား ေမာင္စိန္ေတာင္ေန ၿခံလုပ္ငန္းလုပ္ကိုင္သူ အဘ ဦးထြန္းတင္ႏွင့္အမိ ေဒၚရိန္းမန္း-လမ္းအထူးအဖြဲ႕(၂)ျမစ္ႀကီးနားတို႔၏ သား ျဖစ္သူ ေမာင္ဂြၽန္လံုဘုတ္ အသက္(၁၃)ႏွစ္သည္ မတ္လ(၂၇)ရက္ေန႔က ဖခင္ျဖစ္သူ ဦးထြန္းတင္ ထမင္းခ်က္ေနစဥ္ ၎ၿခံတြင္ေဆာ့ကစားေနရာမွ  ေပ်ာက္ဆံုးသြားခဲ့ရာ ၎အနီးပတ္ဝန္းက်င္သို႔ မိဘမ်ားမွ လိုက္လံရွာေဖြခဲ့ေသာ္လည္း ေတြ႔ရွိျခင္းမရွိသည့္အတြက္ မိုးညႇင္းၿမိဳ႕မရဲစခန္းသို႔ လူေပ်ာက္တိုင္ျကားခဲ့ၿပီးေနာက္ (၅)ရက္အၾကာတြင္ ေမာင္စိန္ေတာရေတာင္အထက္ ေဇာ္ဂ်ီလက္ဝါးေတာင္၌ ေသဆံုးလွ်က္ ျပန္လည္ေတြ႕ရွိျခင္းျဖစ္သည္။

“ခါတိုင္းလည္း ၿခံထဲေဆာ့ေနတာ ေဝးေဝးမသြားတတ္ဘူး။ တခါတေလသြားရင္လည္း ဒီၿခံကုန္းအထက္ေလာက္ဘဲ။ ေပ်ာက္လို႔ လိုက္ရွာရင္ အနီးအနားကဘဲေတြ႕တယ္။ေပ်ာက္သြားတဲ့ေန႔က က်ေနာ္ကထမင္းခ်က္ေနတယ္-သားကအခါတိုင္းလိုဘဲေဆာ့ေနတာ၊ က်ေနာ့အလုပ္ၿပီးလို႔ သူေဆာ့ေနတဲ့ေနရာကိုၾကည့္ေတာ့ မေတြ႕ေတာ့ဘူး။ က်ေနာ္လိုက္ရွာတာ အႏွံ႔ဘဲ မေတြ႕ဘူး။ ဒါနဲ႔ရဲစခန္းကို လူေပ်ာက္တိုင္ၾကားထားတယ္။ ဒီမနက္ပိုင္း ေတာတက္တဲ့လူေတြက ခင္ဗ်ာသားကိုေတြ႕ၿပီေျပာလို႔ လိုက္သြားၾကည့္တယ္ -ေမာက္ရက္အေနအထားနဲ႔ေတြ႕လို႕ ေျပးေပြ႕ၾကည့္ေတာ့ အသက္မ႐ႉေတာ့ဘဲ ေသဆံုးေနတာကိုေတြ႕ရပါတယ္” ဟု ၎၏ဖခင္ဦးထြန္းတင္ က ေျပာဆိုသည္။

အဆိုပါကေလးငယ္သည္ လူေပ်ာက္မႈ႕ႏွင့္မိုးညႇင္းၿမိဳ႕မရဲစခန္းတြင္ ၎၏မိဘမ်ားက တိုင္ၾကားခဲ့ေသာ ကေလးငယ္ျဖစ္ေၾကာင္း၊ မတ္လ ၃၁ ရက္ေန႕၊ နံနက္(၁၀)နာရီအခ်ိန္ခန္႔က ေမာင္စိန္ေတာင္ႏွင့္ မနီးမေဝး(၂)ဖာလံုခန္႔အကြာအေဝးတြင္ ျပင္ပဒဏ္ရာမေတြ႕ရိွ ရ ႏႉတ္ခမ္းမ်ားေျခာက္ကပ္လွ်က္ အစာေရဆာျပတ္လပ္ေသဆံုးျခင္းျဖစ္ေၾကာင္း ရဲမွတ္တမ္းအရသိရသည္။

၄င္းေမာင္ဂြၽန္လံုဘုတ္၊ အသက္(၁၃)ႏွစ္၏ ႐ုပ္အေလာင္းအား မိုးညႇင္းကုတင္(၅၀၀)ေဆး႐ံုသို႔ အေရွ႕စုရပ္ကြက္ေစတနာရွင္လူငယ္လူမႈကူညီေရးအသင္း ကားျဖင့္ ပို႔ေဆာင္ေပးခဲ့ၿပီး မိုးညႇင္းၿမိဳ႕နယ္ရဲစခန္းမွ ေသမႈေသခင္းအမွတ္စဥ္၊ ၆/၁၉ျဖင့္ ေရးဖြင့္ထားေၾကာင္း သိရသည္။

မိုးျမင့္
—————————————

ပျောက်ဆုံးသွားသော (၁၃)နှစ်အရွယ်ကလေး (၅)ရက်အကြာတွင် သေဆုံးလျှက်တွေ့ရှိ

EPN
မိုးညှင်း၊ မတ်၃၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ မိုးညှင်းမြို့ရှောင်လမ်းမကြီးသွား မောင်စိန်တောင်နေ ခြံလုပ်ငန်းလုပ်ကိုင်သူ  ဦးထွန်းတင်၊ လမ်းအထူးအဖွဲ့(၂) မြစ်ကြီးနား၏  သား ဖြစ်သူ မောင်ဂျွန်လုံဘုတ် အသက်(၁၃)နှစ်သည် မတ်လ(၂၇)ရက်နေ့တွင် ပျောက်ဆုံးသွားခဲ့ရာ အဆိုပါကလေးအား (၅)ရက်အကြာတွင်  သေဆုံးလျှက်တွေ့ရှိခဲ့ကြောင်း မိုးညှင်းမြို့ မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ မိုးညှင်းမြို့ရှောင်လမ်းမကြီးသွား မောင်စိန်တောင်နေ ခြံလုပ်ငန်းလုပ်ကိုင်သူ အဘ ဦးထွန်းတင်နှင့်အမိ ဒေါ်ရိန်းမန်း-လမ်းအထူးအဖွဲ့(၂)မြစ်ကြီးနားတို့၏ သား ဖြစ်သူ မောင်ဂျွန်လုံဘုတ် အသက်(၁၃)နှစ်သည် မတ်လ(၂၇)ရက်နေ့က ဖခင်ဖြစ်သူ ဦးထွန်းတင် ထမင်းချက်နေစဉ် ၎င်းခြံတွင်ဆော့ကစားနေရာမှ  ပျောက်ဆုံးသွားခဲ့ရာ ၎င်းအနီးပတ်ဝန်းကျင်သို့ မိဘများမှ လိုက်လံရှာဖွေခဲ့သော်လည်း တွေ့ရှိခြင်းမရှိသည့်အတွက် မိုးညှင်းမြို့မရဲစခန်းသို့ လူပျောက်တိုင်ကြားခဲ့ပြီးနောက် (၅)ရက်အကြာတွင် မောင်စိန်တောရတောင်အထက် ဇော်ဂျီလက်ဝါးတောင်၌ သေဆုံးလျှက် ပြန်လည်တွေ့ရှိခြင်းဖြစ်သည်။

“ခါတိုင်းလည်း ခြံထဲဆော့နေတာ ဝေးဝေးမသွားတတ်ဘူး။ တခါတလေသွားရင်လည်း ဒီခြံကုန်းအထက်လောက်ဘဲ။ ပျောက်လို့ လိုက်ရှာရင် အနီးအနားကဘဲတွေ့တယ်။ပျောက်သွားတဲ့နေ့က ကျနော်ကထမင်းချက်နေတယ်-သားကအခါတိုင်းလိုဘဲဆော့နေတာ၊ ကျနော့အလုပ်ပြီးလို့ သူဆော့နေတဲ့နေရာကိုကြည့်တော့ မတွေ့တော့ဘူး။ ကျနော်လိုက်ရှာတာ အနှံ့ဘဲ မတွေ့ဘူး။ ဒါနဲ့ရဲစခန်းကို လူပျောက်တိုင်ကြားထားတယ်။ ဒီမနက်ပိုင်း တောတက်တဲ့လူတွေက ခင်ဗျာသားကိုတွေ့ပြီပြောလို့ လိုက်သွားကြည့်တယ် -မောက်ရက်အနေအထားနဲ့တွေ့လို့ ပြေးပွေ့ကြည့်တော့ အသက်မရှူတော့ဘဲ သေဆုံးနေတာကိုတွေ့ရပါတယ်” ဟု ၎င်း၏ဖခင်ဦးထွန်းတင် က ပြောဆိုသည်။

အဆိုပါကလေးငယ်သည် လူပျောက်မှု့နှင့်မိုးညှင်းမြို့မရဲစခန်းတွင် ၎င်း၏မိဘများက တိုင်ကြားခဲ့သော ကလေးငယ်ဖြစ်ကြောင်း၊ မတ်လ ၃၁ ရက်နေ့၊ နံနက်(၁၀)နာရီအချိန်ခန့်က မောင်စိန်တောင်နှင့် မနီးမဝေး(၂)ဖာလုံခန့်အကွာအဝေးတွင် ပြင်ပဒဏ်ရာမတွေ့ရှိ ရ နှူတ်ခမ်းများခြောက်ကပ်လျှက် အစာရေဆာပြတ်လပ်သေဆုံးခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရသိရသည်။

၎င်းမောင်ဂျွန်လုံဘုတ်၊ အသက်(၁၃)နှစ်၏ ရုပ်အလောင်းအား မိုးညှင်းကုတင်(၅၀၀)ဆေးရုံသို့ အရှေ့စုရပ်ကွက်စေတနာရှင်လူငယ်လူမှုကူညီရေးအသင်း ကားဖြင့် ပို့ဆောင်ပေးခဲ့ပြီး မိုးညှင်းမြို့နယ်ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်၊ ၆/၁၉ဖြင့် ရေးဖွင့်ထားကြောင်း သိရသည်။

မိုးမြင့်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။