Trending Now

ခရီးသည့်များပြားမှုကြောင့် ပူတာအိုလေဆိပ်တွင် လေကြောင်းတိုးချဲ့ပြေးဆွဲမှု လာစောင့်သူ ပုံမှန်ထက်များပြား

Spread the love

ခရီးသည့်များပြားမှုကြောင့် ပူတာအိုလေဆိပ်တွင် လေကြောင်းတိုးချဲ့ပြေးဆွဲမှု လာစောင့်သူ ပုံမှန်ထက်များပြား

EPN
မြစ်ကြီးနား ၊ ဧပြီ ၂(၂၀၂၄)

ကချင်ပြည်နယ် ပူတာအိုမြို့နယ်တွင် လေကြောင်းခရီး လိုက်ပါစီးနင်းလိုသည့် ခရီးသည် များပြားမှုကြောင့် ပူတာအိုလေဆိပ်တွင် လေကြောင်းတိုးချဲ့ပြေးဆွဲမှု (ဂိုးရှိုး) လာစောင့်သူ ပုံမှန်ထက်များပြားနေကြောင်း ပူတာအိုမြို့နေ ဒေသခံများထံမှ သိရသည်။

ကားလမ်းများ ယာယီပိတ်ထားမှုကြောင့် ဒေသခံများမှာ လေကြောင်းခရီးကိုသာ အဓိကထား သွားလာနေရပြီး၊ လေယာဉ်လက်မှတ်များမှာလည်း ဝယ်ယူရန်ခက်ခဲသည့်အတွက် ဂိုးရှိုး လာရောက်စောင့်ဆိုင်းနေသူ များပြားနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” ပုံမှန်ဆို ပူတာအိုက ဒေသခံတွေက ကားနဲ့ပဲ သွားနေကြတာ ဟုတ်တယ်။ ဒါပေမယ့် တိုက်ပွဲတွေဖြစ်တော့ လေကြောင်းနဲ့ပဲ သွားလာနေရတယ်။ အခုဆို လေယာဉ်လက်မှတ်ခတွေလဲ ဈေးတက်လာပြီ။ နောက်ပြီး လက်မှတ်ကလဲ လိုချင်တဲ့နေ့ မရဘူး။ အရမ်းခက်တယ်။ ဒါကြောင့် ဒေသခံတွေက ဂိုးရှိုးပဲ လာလာစောင့်နေရတယ် ” ဟု ၎င်းကပြောသည်။

လက်ရှိ မြစ်ကြီးနား – ပူတာအို လေကြောင်းလိုင်း လေယာဉ်လက်မှတ်များကို တစ်လကျော်ကြာ ကြိုတင်မှာပူနေရပြီး၊ ဂိုးရှိုးလက်မှတ် အများစုမှာလည်း ငွေကြေးပိုမို ပေးဆောင်နိုင်သူများ သာ ရရှိသည့်အတွက် အခက်အခဲဖြင့်ကြုံတွေ့နေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” လေယာဉ်ကွင်းထဲထိလာပြီး ဂိုးရှိုးစောင့်တဲ့ သူတွေကများတယ်။ ဒါပေမယ့် ငွေကြေးပိုမို ပေးဆောင်နိုင်တဲ့သူ၊ အဆက်အသွယ် ကောင်းကောင်းရှိတဲ့ သူတွေပဲ အခက်အခဲမရှိ လက်မှတ်တွေရကြတယ်။ ဒီတော့ ကျွန်မတို့လို သာမန်လူတွေအတွက် တစ်ရက်လုံး ဂိုးရှိုးစောင့်ရင်တောင် ရခြင်မှရတယ် ” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ပူတာအို-မြစ်ကြီးနား လေကြောင်းလိုင်းကို ဗုဒ္ဓဟူး ၊ စနေနေ့များတွင် သာပြေးဆွဲလျက်ရှိပြီး၊ ကြားရက်များတွင်လဲ ရံဖန်ရံကာပြေးဆွဲပေးလျက်ရှိကာ လက်မှတ်ခနှုန်းထားမှာလည်း ကျပ် ၂၅၀၀၀၀ အထိ ပေးဆောင်နေရကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။