Trending Now

လျှပ်စစ်လိုအပ်ချက်နောက် လိုက်ပါလာတဲ့ တိုးတက်ပြောင်းလဲရေး စီမံကိန်း

Spread the love

လျှပ်စစ်လိုအပ်ချက်နောက် လိုက်ပါလာတဲ့ တိုးတက်ပြောင်းလဲရေး စီမံကိန်း

ဗိုလ်ကျရေးသည်။

ဆောင်းပါး( အပိုင်း ၃)၊ မတ် ၃၁

မြန်မာပြည်အတွင်းမှာ ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုတွေ မြှင့်တက်လာမယ်ဆိုရင် လျှပ်စစ်လိုအပ် ချက်ကလည်း မြှင့်တက်လာမယ်။ အဲလိုမြှင့်တက်လာမှုနှင့်အတူ လျှပ်စစ်ဓာတ်အားကို အလုံအ လောက်မထုတ်ပေးနိုင်ရင် ရင်းနှီးမြုပ်နှံသူတွေအတွက် အခက်အခဲတွေရှိမယ်။ ရင်းနှီးမြှပ်နှံသူတွေအ နေနဲ့ကလည်း အကျိုးအမြတ်နဲမယ်ဆိုရင် ရင်းနှီးကြမှာမဟုတ်ပါဘူး။ ဒါကြောင့် အဲဒီလိုအပ် တဲ့ လျှပ်စစ် ဓာတ်အားကို ထောက်ပံ့ပေးနိုင်စွမ်း နိုင်ခြင်းမရှိရင် ရှေ့ဆက်မှာ နိုင်ငံအတွက် အကြပ် အတည်းတွေနဲ့ ရင်ဆိုင်ရမယ် လို့ ကမ္ဘာ့ဘဏ်က သတိပေးခဲ့တာဖြစ်ပါတယ်။

ရင်းနှီးမြုပ်မှုရှိခြင်းဟာ နိုင်ငံတစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိက ပံ့ပူးကူညီပေးတဲ့ အရာဖြစ်ပါတယ်။ ရင်းနှီးမြှပ်နှံမှုမရှိဘဲနဲ့ နိုင်ငံဖွံ့ဖြိုးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် နိုင်ငံအတွင်း ရင်းနှီးမြှပ်နှံမှုတွေ များများရှိမှ တိုးတက်မှုတွေလည်း မြန်ဆန်ဖြစ်ထွန်းမှာပါ။ ဒီနေရာမှာ ရင်းနှီးမြှပ်နှံတဲ့ လူတွေကလည်း မိမိတို့ရဲ့ ရင်းနှီးမြှပ်နှံမယ့် နေရာမှာ ကုန်ကျစရိတ်နဲ့ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်စွမ်းအင်ရ ရှိမှုအခြေအနေ အဲဒါတွေကို ထည့်တွက်ပြီးမှ ပိုဆက်ရှင်ချရတာပါ။

မြန်မာနိုင်ငံအတွင်းမှာ လက်ရှိအခြေအနေထက် လျှပ်စစ်မီးတွေ ပိုပြီး ထုတ်လုပ်သုံးစွဲနိုင်မှ ရင်းနှီးမြှပ် လာသူတွေများပြီး နိုင်ငံတိုးတက်မှု မြန်ဆန်မှာဖြစ်ပါတယ်။ ၂၀၂၀ခုနှစ် နှစ်ဆန်းပိုင်းက တရုတ်နိုင်ငံ သမ္မတ မစ္စတာ ရှီကျင်းဖျင်လာတုန်းက မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံဖို့ စီမံကိန်းကြီးတွေအတွက် စာလွှာတွေ၊ နားလည်မှုစာချွန်လွှာနှင့် သဘောတူညီချက် ၃၃ခုကို လက်မှတ်ထိုးခဲ့ပါတယ်။

ဒီလို ရင်းနှီးမြှပ်မှုတွေ အကောင်အထည်ဖေါ် နိုင်ဖို့ဆိုရင် အစမှာ ဖေါ်ပြခဲ့တဲ့ လျှပ်စစ်စွမ်းအင်တွေ ရရှိနိုင်ဖို့ လိုအပ်ပါတယ်။ ဆိုတော့ ဒီလို ရင်းနှီးမြှုပ်နှံတဲ့ စီမံကိန်းကြီးတွေကလည်း အဓိက စက်ယန္တရားနဲ့ပဲ လည်ပတ်လို့ပါတယ်။ အဲလို လည်ပတ်တဲ့နေရာမှာ လျှပ်စစ်မီးက အဓိက အခန်းကဏ္ဍမှာ ဖြစ်နေပါတယ်။

မြန်မာနိုင်ငံမှာ ဓာတ်အားပေးလိုင်း မရောက်တဲ့ အရေအတွက်ဟာ တနိုင်ငံလုံး လူဦးရေရဲ့ ၆၅ ကနေ ၇ဝ ရာခိုင်နှုန်းကြား ရှိနိုင်တယ်လို့ နိုင်ငံတကာ စစ်တမ်းတွေက ဖော်ပြပါတယ်။ ဆိုလိုတာက လူ အယောက် ၁ဝဝ မှာ ၃ဝ ဝန်းကျင်လောက်ပဲ မီးရရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဒါဟာ အရှေ့တောင် အာရှ နိုင်ငံတွေထဲမှာဆို ရာခိုင်နှုန်း အနည်းဆုံး ဖြစ်နေတဲ့ အနေအထား ဖြစ်ပါတယ်။

ဒါကြောင့် လျှပ်စစ်မီးတွေ သုံးနေတဲ့ နေရာဒေသတွေမှာတော့ တစ်နှစ်ထက်တစ်နှစ် ဓာတ်အား ပမာဏ လိုအပ်ချက်တွေ တိုးမြင့်လာနေတာကြောင့်၊ မကြာခဏမီးပြတ်တဲ့ ပြဿနာဟာ လျှပ်စစ်မီး လို အပ် ချက်ပြည့်မီအောင် မစွမ်းဆောင်နိုင်တဲ့ ပြဿနလို့ ဆိုရမှာပါ။

အစိုးရတာဝန်ရှိသူတွေအနေနဲ့ လျှပ်စစ်မီး မရောက်သေးတဲ့ နေရာ၊ ဒေသတွေကို လျှပ်စစ် ပို့ပေးနိုင်ဖို့နဲ့ လျှပ်စစ်ရရှိတဲ့ နေရာတွေမှာလည်း လုံလောက်တဲ့ ဓာတ်အားပြည့်မှီအောင် ထပ်မံ ပို့လွှတ်နိုင်ဖို့ အ တွက် တိုးမြှင့် လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ ပြည့်မှီတဲ့ ဓာတ်အားနဲ့ ပုံမှန်စီဆင်းနေတဲ့ ဓာတ်အားရှိဖို့ လိုအပ်ပါတယ်။

ဘရာဇီးနိုင်ငံရဲ့ လျှပ်စစ်မီးကို ရေအားကနေအဓိကထုတ်ပါတယ်။ ၁၉၉၁ခုနှစ်က ရေအားလျှပ်စစ် စက်တပ်ဆင်မှု ပမာဏစံချိန်ဟာ သိန်း ၄၆၀.၈ ကီလိုဝပ်နာရီဖြစ်ပါတယ်။ အဲဒီထဲမှာ ရေအားလျှပ်စစ်စက်တပ်ဆင်မှုပမာဏဟာ ၂၄၉၀ ဘီလီယံ ကီလိုဝပ်နာရီဖြစ်ပါတယ်။ ဘရာဇီး တစ်နိုင်ငံလုံး လျှပ်စစ်ထုတ်လုပ်ပမာဏရဲ့ ၉၅%ဖြစ်ပါတယ်။

ဘရာဇီးနိုင်ငံရဲ့ ရေအားလျှပ်စစ်တပ်ဆင်မှု ပမာဏသည် ကမ္ဘာမှာ စတုတ္ထ အများဆုံးဖြစ်ပါတယ်။ နှစ်စဉ် လျှပ်စစ်ထုတ် လုပ်မှုပမာဏဟာ ကမ္ဘာမှာ တတိယဖြစ်တာကို တွေ့ရှိရပါတယ်။ ဒီလိုပဲ ကမ္ဘာ့ ဖွံ့ဖြိုးပြီး နိုင်ငံများဖြစ်တဲ့ အမေရိကန်နိုင်ငံလို အနောက်နိုင်ငံကြီးတွေကလည်း လျှပ်စစ်မီးကို အလုံအ လောက်ရရှိတဲ့အတွက် ဖွံ့ဖြိုးပြီး နိုင်ငံအဖြစ် ဒီကနေ့အထိ ရပ်တည်နေကြတာဖြစ်ပါတယ်။ ဒီနေရာမှာ ကြည့်ရင် အဲဒီဖွံ့ဖြိုးပြီး နိုင်ငံတွေက လျှပ်စစ်မီးကို ရေအားကနေအဓိက ထုတ်လုပ်သုံးစွဲနေကြတာပဲ ဖြစ်ပါတယ်။ ရေအားလျှပ်စစ်ဟာ ထုတ်လုပ်နည်းများစွာထဲက ထုတ်လုပ်မှု ကုန်ကျစရိတ်အနည်းဆုံး၊ အသက်သာဆုံးဖြစ်လို့ပါပဲ။

တရုတ်နိုင်ငံဟာ လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုက ဆင်းရဲတဲ့ နိုင်ငံတစ်ခုဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ မြို့ကြီး၊ မြို့ငယ် အားလုံးမှာ လျှပ်စစ်ဓာတ်အား စက်ရုံတွေ တည်ဆောက်ပြီး လျှပ်စစ်မီးကို အလုံအလောက်ရရှိ လာတဲ့နောက်ပိုင်း ဖွံ့ဖြိုးတိုးတက်ခဲ့တာလို့ သိရပါတယ်။ လျှပ်စစ်စက်ရုံတွေ တည်ဆောက်လိုက်တာနဲ့ တင်မပြီးသေးပါဘူး။ နေ့စဉ်နေ့အမျှ လျှပ်စစ်သုံးစွဲတဲ့ ပမာဏမြှင့်တက်လာတဲ့အမျှ ထုတ်လုပ်မှု ပမာဏ လည်း မြှင့်တက်ထုတ်လုပ်နိုင်ခဲ့လို့ အခုလို ကမ္ဘာ့အလယ်မှာ အင်အားကြီးနိုင်ငံတစ်ခုအဖြစ် ရပ်တည် လာခဲ့တာဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာဆိုရင် တိုးတက်လာတဲ့ ခေတ်မှီနည်းပညာနဲ့ တည်ဆောက်လာတဲ့ ရေအားလျှပ်စစ် စက်ရုံတွေဟာ နေရာတိုင်းမှာလို တည်ဆောက်ထားတာတွေ့ရပါတယ်။ မြို့ကြီး၊ မြို့ငယ်မရွေး စက်ရုံ တွေရှိပါတယ်။ ဒီလို လုံလောက်တဲ့ ရေအား လျှပ်စစ်စက်ရုံတွေ တည်ဆောက်ခဲ့ခြင်းကြောင့် စက်မှုဇုန် အပါဝင် စီမံကိန်းတွေ အကောင်အထည်ဖေါ်လုပ်ငန်းတွေမှာ လျှပ်စစ်ကို လိုအပ်ချက်မရှိ အသုံးပြုနိုင် တာဖြစ်ပါတယ်။

အခုဖွံ့ဖြိုးပြီး နိုင်ငံများကို ကြည့်ရင် ဘယ်နိုင်ငံမဆို လျှပ်စစ်ဓာတ်အားကို လုံလောက်စွာ ထုတ်လုပ်အ သုံးပြုနေနိုင်တာကို တွေ့ရပါတယ်။ လျှပ်စစ်မီး ပြည့်မှီအောင် မထုတ်လုပ်နိုင်သ၍တော့ ဖွံ့ဖြိုးတိုးတက် မှုဆိုတာကို တိုင်းတာရခက်ပါတယ်။ လျှပ်စစ်မီးမရရှိသေးဘဲနဲ့ မိသားစုတစ်စုအတွက် အလင်းရောင်ဆို တာဟာ မြင်ရမှာမဟုတ်သလို ဒေသအတွက်လည်း အလင်းရောင်မရှိ၊ နိုင်ငံ့အတွက်လည်း အလင်းရောင်ဆိုတာ ရှိလာမှာမဟုတ်ပါဘူး။ ဒီလိုပြောလို့ရှိရင်တော့ မီးအလင်းရောင်ထဲမှာ နေရတဲ့ အခြေအနေနဲ့ မီးအလင်းရောင်ထဲမှာ မနေရတဲ့ အခြေအနေကို သုံးသပ်နိုင်မိမယ်လို့ ထင်ပါတယ်။

ဖွံ့ဖြိုးပြီး နိုင်ငံများတွက် လက်တွေ့ ပြင်ပလုပ်ငန်းခွင် နှင့် ထောက်ခံချက်များက လျှပ်စစ်ပဲဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ကတော့ လျှပ်စစ်နှင့် ရေသယံဇာတ တူးဖော်ချက်ပိုမိုတိုးတက် လာမယ် ဆိုလျှင် စီးပွားရေးလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာပါမယ်။

( ဒါကတော့ ဆောင်းပါးရှင် ဗိုလ်ကျရဲ့ လျှပ်စစ်လိုအပ်ချက်နောက် လိုက်ပါလာတဲ့ တိုးတက်ပြောင်း လဲရေး စီမံကိန်း ဆိုတဲ့ ဆောင်းပါး အပိုင်း ၃ ပဲဖြစ်ပါတယ်။ ဆောင်းပါး အပိုင်း ၄ကို ဆက်လက်ဖေါ်ပြ အုံးမည်ဖြစ်ပါတယ်)

ဗိုလ်ကျ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။