Trending Now

မိုးမောက်မြို့တွင် Covid-19 ကာကွယ်ရေးအတွက် မြန်မာနိုင်ငံသားများ လက်ခံစိစစ်ရေးစခန်း၌ ပိုးသတ်ဆေးဖျန်း

Spread the love

မိုးမောက်မြို့တွင် Covid-19 ကာကွယ်ရေးအတွက် မြန်မာနိုင်ငံသားများ လက်ခံစိစစ်ရေးစခန်း၌ ပိုးသတ်ဆေးဖျန်း

EPN
မိုးမောက်၊ မေ ၉

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ကျောက်စခန်းကျေးရွာရှိ နိုင်ငံသားစိစစ်လက်ခံရေးစခန်း၌ ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

အဆိုပါပိုးသတ်ဆေးဖျန်းခြင်းကို ဗန်းမော်ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်၊ ဗန်းမော်ခရိုင်မီးသတ်ဦးစီးမှူး ဦးစိုးမင်းခိုင်တို့က ဦးစီးပြီး မိုးမောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကို၊ အမှတ်(၉၁၄) စစ်မြေပြင်အင်ဂျင်နီယာတပ်မှ ဗိုလ်ကြီးစွမ်းထက်နှင့်တပ်ဖွဲ့ ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးသူထိုက်နှင့်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့တို့က ယနေ့ မေလ ၉ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က တရုတ်နိုင်ငံမှပြန်လည်၀င်ရောက်လာသူ မြန်မာနိုင်ငံသားများအား စိစစ်လက်ခံရေးစခန်း၊ ကွပ်ကဲရေးရုံး၊ နားနေဆောင်တို့တွင် Covid-19 ထိန်းချုပ်ကာကွယ်ရေးအတွက် မီးငြိမ်းသတ်ယာဥ်တစ်စီးဖြင့် ကလိုရင်း (၆၅)ရာခိုင်နှုန်းပါ ဂါလန် (၁၆၀၀) ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။