Trending Now

ရှင်ဗွေယန်မြို့တွင် တစ်ရက်အတွင်း ကျပ်ငွေ (၁၀၈) သိန်းကျော် မှုးယစ်ဆေးဝါးများဖမ်းဆီးရမိ

Spread the love

ရှင်ဗွေယန်မြို့တွင် တစ်ရက်အတွင်း ကျပ်ငွေ (၁၀၈) သိန်းကျော် မှုးယစ်ဆေးဝါးများဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ ဇူလိုင် ၁၃

ကချင်ပြည်နယ်၊ တနိုင်းခရိုင် ရှင်ဗွေယန်မြို့တွင် တစ်ရက်အတွင်း ကျပ်ငွေ (၁၀၈)သိန်းကျော် မှုးယစ်ဆေးဝါးများကို ယမန်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရှင်ဗွေယန်မြို့မရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ရှင်ဗွေယန်မြို့ နယ်မြေရဲစခန်းမှူး ဦးစီးပါဝင်သောအဖွဲ့များမှ မူးယစ်သက်သေများနှင့်အတူ ရပ်ကွက်များတွင် မူးယစ်ဆေးဝါး ရောင်းချနေကြောင်း သတင်းအရ စစ်ဆေးရှာဖွေခဲ့ရာ ရှင်ဗွေယန်မြို့ ရပ်ကွက် (၃) ရှိ ဦးဂေါဏ ၃၉ နှစ် နေအိမ်ရှိ နောက်အိမ်သာဘေးတွင် ကျင်းတူး၍ ကျွတ်ကျွတ်အိတ်အနက်ဖြင့် ထုပ်လျက်မြုပ်ထားသော ဘိန်းဖြူဟု ယူဆရသော ဆပ်ပြာခွက် (၂၇) ခွက် (ကာလတန်ဖိုးငွေကျပ် ၁၀၈ သိန်း) အား ရှာဖွေဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ပြီး ရပ်ကွက်(၂)တွင် ဖမ်းဆီးရေးအဖွဲ့မှ စစ်ဆေးရန် သွားရောက်စဥ် လမ်းခုလပ်၌ ဦးထွန်းမြင့်အား မသင်္ကာ၍ စစ်ဆေးကြည့်ရာ ၎င်းဘေးလွယ်အိတ်အတွင်း ရှောက်သီးဆေးပြားဘူး (၁)ဖြင့် ထည့်လျက် ဘိန်းဖြူဟုယူဆရသော (၁)ဂရမ်ခန့် (ကာလတန်ဖိုးငွေကျပ် ၄၀၀၀၀ ခန့်) ကို ဖမ်းဆီးရမိခဲ့သည်။

ယင်း‌နောက် ရပ်ကွက်(၃)ဘက်သို့ ထပ်မံ၍ဖမ်းဆီးရေးအဖွဲ့က ဇော်မြင့် (ခ) အရှည်ကြီးနှင့်ချစ်မင်းတို့ အိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းတို့ (၂)ဦး သုံးစွဲလျက်တွေ့ရှိပြီး ရှောက်သီးဆေးပြာဘူး (၁)ဘူးဖြင့် ထည့်ထားသော (၁.၇)ဂရမ်ရှိ(ကာလတန်ဖိုးငွေကျပ် ၇၀၀၀၀ ခန့်) ဘိန်ဖြူဟုယူဆရသောအမှုန့်များနှင့်အတူ ထပ်မံ ဖမ်းဆီးခဲ့သည်။

အဆိုပါ မှုးယစ်ဆေးဝါးနှင့်ပတ်သက်သော ဦးဂေါဏ (၃၉) နှစ်၊ ဦးထွန်းမြင့်(၅၀)နှစ်၊ ဇော်မြင့် (၂၉)နှစ်၊ ချစ်မင်း(၂၇)နှစ်တို့အား မှုးယစ်ဆေးဝါးနှင့်သိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ ရှင်ဗွေယန်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။