Trending Now

ရွှေဘိုမြို့နယ်အတွင်း အကြမ်းဖက်သမားများက Drone ယာဉ်ဖြင့် လက်လုပ်ဗုံးပစ်ချမှုကြောင့် စာသင်ကျောင်းအမိုးများ ပျက်စီး

Spread the love

ရွှေဘိုမြို့နယ်အတွင်း အကြမ်းဖက်သမားများက Drone ယာဉ်ဖြင့် လက်လုပ်ဗုံးပစ်ချမှုကြောင့် စာသင်ကျောင်းအမိုးများ ပျက်စီး

EPN
မြစ်ကြီးနား၊ ဇူလှိုင် ၁

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ၊ ကော့ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၌ အကြမ်းဖက်များက Drone ယာဉ်အားအသုံးပြု၍ လက်လုပ်ဗုံးတစ်လုံးပစ်ချမှုကြောင့် စသင်ကျောင်းအမိုးများ ပျက်စီးသွားခဲ့ကြောင်း သတင်းရရှိသည်။

“ဇွန်လ ၂၉ ရက်နေ့ ည ၇ နာရီလောက်မှာ PDF တွေက ရွာကစာသင်ကျောင်းထဲမှာ လုံခြုံရေးတာဝန်ယူထားတဲ့ ရဲနဲ့ စစ်သားတွေကို drone နဲ့ လာပြီးတိုက်ခိုက်တာ ရဲနဲ့ စစ်သားတွေတော့ ဘာမှမဖြစ်ဘူး ရွာက စာသင်ကျောင်းခေါင်မိုးတွေတော့ ပျက်စီးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုများ ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွှေဘိုမြို့နယ် ကွန်ဆိပ်ကျေးရွာအနီးတွင် ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့ကလည်း PDF ၉ ဦးကို ပစ်ခတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လှဆောင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။