Trending Now

NUG လက်အောက်ခံ အွန်လိုင်းပညာရေး ကျောင်းတွေမှာ ကျောင်း အပ်နှံပါက ငွေကုန်လူပန်း ဖြစ်ယုံသာမက အကြမ်းဖက်မှု ဥပဒေနဲ့ပါ အရေးယူခံရနိုင်တယ်လို့ သတင်းထုတ်ပြန်

Spread the love

NUG လက်အောက်ခံ အွန်လိုင်းပညာရေး ကျောင်းတွေမှာ ကျောင်း အပ်နှံပါက ငွေကုန်လူပန်း ဖြစ်ယုံသာမက အကြမ်းဖက်မှု ဥပဒေနဲ့ပါ အရေးယူခံရနိုင်တယ်လို့ သတင်းထုတ်ပြန်

EPN
မြစ်ကြီးနား၊ မတ် ၂

NUG လက်အောက်ခံ အွန်လိုင်းပညာရေး ကျောင်းတွေမှာ ကျောင်းအပ်နှံပါက ငွေကုန်လူပန် ဖြစ်ယုံသာမက အကြမ်းဖက်မှု ဥပဒေနဲ့ပါ အရေးယူခံရနိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒါအပြင် NUG ပညာရေး လက်အောက်ခံ ကျောင်းတွေဟာ နိုင်ငံတကာ အသိအမှတ်ပြု အထောက်အထား ခိုင်လုံစွာမရှိတဲ့အပြင် NUG ကကျောင်းအပ်ရရှိငွေ သုံးပုံ တစ်ပုံကို တောင်းဆိုခဲ့လို့ သူတို့အချင်းချင်း ငွေရေးကြေးရေး ပြဿနာတွေ ဖြစ်ပေါ်ခဲ့ရာက အပ်နံထားတဲ့ ကျောင်းသား၊ကျောင်းသူ ၅၀၀ ဦးရဲ့ အမည်စာရင်းဟာ ပေါက်ကြားထားတယ်လို့ ဖော်ပြထားပါတယ်။

န.စ.ကအနေဖြင့် NUG လက်အောက်ခံ ကျောင်းသားလက်ခံရေး (ရုံးအဖွဲ့) က ငွေကြေးလိမ်လည်သူ ၅ ဦးကို ဖော်ထုတ်နိုင်ခဲ့ပြီး တရားဥပဒေအရ အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။

ပြည်သူများအနေဖြင့် ပတ်ဝန်းကျင်အား မလွန်ဆန်နိုင်လို့ဖြစ်စေ၊ မသိနားမလည်လို့ဖြစ်စေ၊ ရည်ရွက်ချက်ရှိရှိဖြစ်စေ NUG တည်းထောင်ထားတဲ့ စာသင်ကျောင်းတွေကို အပ်နှံပါက ငွေကုန်လူပန်းဖြစ်စေနိုင်တဲ့အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ အရပါ အရေးယူခံရနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် အစိုးရစာသင်ကျောင်းတွေနဲ့ အစိုးရအသိအမှတ်ပြု စာသင်ကျောင်းတွေမှာသာ ကျောင်းအပ်နှံကြဖို့ အသိပေးဖော်ပြထားပါတယ်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။