Trending Now

မြစ်ကြီးနားမြို့တွင် ဓာတ်ဆီတစ်လီတာ ၂၈၀၀ ကျော်အထိ ပြန်လည်မြင့်တက်

Spread the love

မြစ်ကြီးနားမြို့တွင် ဓာတ်ဆီတစ်လီတာ ၂၈၀၀ ကျော်အထိ ပြန်လည်မြင့်တက်

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၄

မြစ်ကြီးနားမြို့တွင် ရက်ပိုင်းအတွင်း တစ်လီတာ ၂၄၀၀ ကျော်အထိ ပြန်လည်ကျဆင်းခဲ့သော်လည်း ယနေ့တွင်၂၈၀၀ ကျော်အထိ ပြန်လည်မြင့်တက်လာကြောင်း မြစ်ကြီးနားမြို့ပေါ်ရှိ စက်သုံးဆီသုံးစွဲသူများထံမှ သိရသည်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးကြီးကြပ်ရေးလုပ်ငန်းကော်မတီမှ ယနေ့ စက်တင်ဘာ ၁၄ ရက်နေ့ ကချင်ပြည်နယ်အတွက် သတ်မှတ်ထားသည့် ရည်ညွှန်းဈေးမှာ 92 တစ်လီတာ ၂၆၀၀ ကျပ် ဖြစ်သော်လည်း အချို့စက်သုံးဆီအရောင်းဆိုင်များတွင် ၂၈၀၀ ကျော်အထိ ပေးဝယ်ယူနေရကြောင်း သိရသည်။

“မြစ်ကြီးနားမှာက ရည်ညွန်းဈေးတိုင်းမရောင်းကြတာများတယ်၊ဟိုနေ့ဈေးကျတဲ့ရက်ကဆို ပန့်ဆိုင်တွေ ရည်ညွန်းဈေးတောင်မပြကြဘူး၊ဒီနေ့ဈေးတက်လာမှပဲ အချို့ပန့်ဆိုင်တွေက ရည်ညွန်းဈေး ပြလာကြတယ်၊ ဒါတောင်တစ်ချို့ပန့်ဆိုင်တွေက ဈေးမြင့်တင်ပြီး ရည်ညွန်း‌ဈေးပြပြီး ရောင်းနေကြတယ်”ဟု စက်သုံးဆီ ဝယ်ယူသူတစ်ဦးကပြောသည်။

ကချင်ပြည်နယ်အတွင်း စက်သုံးဆီ ပြတ်လပ်မှု မရှိစေရေး၊ ရည်ညွှန်းဈေးအတိုင်း ရောင်းချနိုင်ရေးတို့အတွက် စက်သုံးဆီအရောင်းဆိုင် လုပ်ငန်းရှင်များ နှင့် ကချင်ပြည်နယ် ဝန်ကြီးချုပ်တို့ ပြီးခဲ့သည့် လပိုင်းတွင် တွေ့ဆုံ ဆွေးနွေး ခဲ့ကြသော်လည်း လက်ရှိအချိန်အထိ ပန့်ဆိုင်အများစုမှာ ရည်ညွန်းဈေးအတိုင်း ရောင်းချခြင်း မရှိသေးသလို အချိန်ပိုင်းဖွင့်လှစ်၍ ရောင်းချနေရသည့် ဆိုင်များရှိနေဆဲဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။