Trending Now

ဗန်းမော်မြို့နယ်က မြက်သတ်ဆေးသောက်သူ အမျိုးသမီး တစ်ဦး သေဆုံး

Spread the love

ဗန်းမော်မြို့နယ်က မြက်သတ်ဆေးသောက်သူ အမျိုးသမီး တစ်ဦး သေဆုံး

EPN
ဗန်းမော်၊ မေ ၂၂

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် တိန်သော် ​ေကျးရွာတွင် ယမန်နေ့က မြက်သတ်ဆေးသောက်လိုက်သည့် အမျိုးသမီးတစ်ဦးအား အချိန်မီကူညီကယ်တင် ကုသပေးခဲ့သော်လည်း ဆေးသောက်များ၍ ​ေသဆုံးမှု ဖြစ်ပွါးခဲ့ကြောင်း ဒေသခံ တစ်ဦးထံမှ သိရသည်။

သေဆုံးသူ အမျိုးသမီးသည် မေလ ၂၁ရက်၊ ညနေပိုင်းတွင် ပရိုင်မာမြတ်သတ်ဆေးသောက်၍ ဝေဒနာခံစားနေရသဖြင့် တိန်းသော် ကျေးရွာမှ လမ်းပြကြယ်လူမှုကူညီရေးအသင်းကားဖြင့် စင့်ကင်တံတားသို့ပို့​ဆောင်ပေးပြီး​ စင့်ကင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၏ အကူညီဖြင့် တံတား တစ်ဖက်ကမ်းသို့ သယ်ဆောင် ပေးခဲ့ကာ ထိုမှတဆင့် မနောသုခ လူမှုကူညီရေးအသင်းကားဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ ကြသည်။

“ဒီလိုခက်ခက်ခဲခဲ အချိန်မီ ကယ်တင်ကူညီကုသခဲ့ပေးခဲ့ပါတယ် ဒါပေမယ့် သူမ အသက်မရှင်နိုင့်ခဲ့ပါဘူး၊ ဆေးသောက်တာများသွားလို့ပါ ” ဟု တိန်းသော် ေကျးရွာမှအမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ အမျိုးသမီးသည် ယနေ့့ မေလ ၂၂ ရက် ယနေ့နံနက်ပိုင်းတွင် သေဆုံးခဲ့ပြီး နံနက် ၁၁ နာရီခန့်တွင် ဗန်းမော်ကြက်ပေါင်ခြံသုသာန်၌ မီးသင်္ဂြိုလ်ခဲ့ကြသည်။

သေဆုံးသူ အမျိုးသမီးမှာ အသက် ၅၁ နှစ်၊အိမ်ထောင်ရှင် တစ်ဦး ဖြစ်ပြီး သားသမီး ငါးယောက်ရှိကြောင်း သိရသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။