Trending Now

မြန်မာနိုင်ငံသွေးလှူရှင်များနေ့ အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမြို့ သွေးလှူဘဏ်တွင် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

Spread the love

မြန်မာနိုင်ငံသွေးလှူရှင်များနေ့ အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမြို့ သွေးလှူဘဏ်တွင် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၄

ကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင် မြန်မာနိုင်ငံသွေးလှူရှင်များနေ့ အထိမ်းအမှတ်အဖြစ် ခုတင်(၅၀၀)ဆံ့ပြည်သူဆေးရုံကြီးရှိ သွေးလှူဘဏ်တွင် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ ဒီဇင်ဘာလ (၁၄)ရက်နေ့ နံနက် (၉)နာရီခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သွေးလှူဒါန်းပွဲကို စေတနာသွေးသန့်သွေးလှူရှင်များအသင်းမှ ဦးဆောင်ကာ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ယနေ့ ကျရောက်သည့် မြန်မာနိုင်ငံသွေးလှူရှင်များနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် လည်းကောင်း၊ ပုံမှန်သွေးလှူရှင်များ ပေါ်ပေါက်လာနိုင်ရေး အတွက်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း စေတနာသွေးသန့်သွေးလှူရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

“ ဒီနေ့ပွဲလေးက မြန်မာနိုင်ငံသွေးလှူရှင်များနေ့ အထိမ်းအမှတ်အဖြစ်နဲ့ ကျင်းပပြုလုပ်တာ၊ နောက်ပြီး သွေးလှူရှင်ပေါ်ပေါက်လာဖို့ ၊ပုံမှန်တိုင်ဆို သွေးလှူဖို့ဆိုတာမဖြစ်နိုင်ဘူး၊ ဒီလို အခမ်းအနားလေးနဲ့ဆိုရင် မလှူဖြစ်တဲ့ လူတွေလဲ လှူဖြစ်ကြတယ်၊ နောက်ပြီးနှစ်စဉ်လဲ ပြုလုပ်ဖြစ်တဲ့ အခမ်းအနာလေးဖြစ်တယ်၊ တစ်နှစ်မှာ ပုံမှန်ဆိုရင် (၃)ကြိမ် စုပေါင်းသွေးလှူဒါန်းပွဲပြုလုပ်ဖြစ်တယ်၊” ဟု ၎င်းကပြောသည်။

ယနေ့ ပြုလုပ်သည့် စုပေါင်းသွေးလှူဒါန်းပွဲတွင် စေတနာသွေးသန့်သွေးလှူရှင်များအသင်းအနေဖြင့် ကြက်ခြေနီအသင်းနှင့်ပူးပေါင်ကာ သွေးအလုံးရေ (၆၀)ခန့် လှူဒါန်းခဲ့ပြီး ယခုကဲ့သို့ စုပေါင်းသွေးလှူဒါန်းခဲ့သည့် အကြိမ်ရေ (၂၀) ကျော် လှူဒါန်းခဲ့ပြီးဖြစ်သလို တစ်နှစ်လျှင် ပျမ်းမျှသွေး အလုံးရေ (၄၀၀)ခန့် လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စေတနာသွေးသန့်သွေးလှူရှင်များအသင်းအနေဖြင့် တစ်နှစ်လျှင် တစ်ကြိမ် ပုံမှန် သွေးလှူဒါန်းမှုများပြုလုပ်လျက်ရှိကာ အရေးပေါ်သွေးလိုအပ်သူများအတွက်လည်း လှူဒါန်းပေးလျက်ရှိပြီး သွေးလာရောက်လူဒါန်းလိုသူများအနေဖြင့် စေတနာသွေးသန့်သွေးလှူရှင်များအသင်း ဖုန်း – ၀၉ ၄၄၀၂၀၉၆၉၉၊ ၀၉ ၄၂၇၀၀၁၄၁၁ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။