Trending Now

နိုင်ငံကို စီးပွားရေးအကျပ်အတည်းကြားမှာထားခဲ့ပြီး သီရိလင်္ကာသမ္မတ တိုင်းပြည်က ထွက်ပြေး

Spread the love

နိုင်ငံကို စီးပွားရေးအကျပ်အတည်းကြားမှာထားခဲ့ပြီး သီရိလင်္ကာသမ္မတ တိုင်းပြည်က ထွက်ပြေး

EPN
နိုင်ငံတကာ၊ ဇူလှိုင် ၁၃

သီရိလင်္ကာသမ္မတဟာ အစားအစာနဲ့ လောင်စာဆီပြတ်လပ်မှုပြင်းထန်စွာဖြစ်ပေါ်နေတဲ့ အပြင် ဆိုးရွားတဲ့ စီးပွားရေးအကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံကနေ နုတ်ထွက်ဖို့ နာရီပိုင်အလိုမှာပဲ သီရိလင်္ကာနိုင်ငံကနေ ထွက်ပြေးသွားခဲ့ပါတယ်။

သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာ နဲ့ သူ့ရဲ့ ဇနီးဖြစ်သူအပါအဝင် သက်တော်စောင့် နှစ်ဦးတို့ဟာ မော်လ်ဒိုက်နိုင်ငံဘက်ကို လေယာဉ်နဲ့ ထွက်ပြေးသွားခဲ့ကြကြောင်း အမည်မဖော်လိုတဲ့ လူဝင်မှုကြီးကြပ်ရေးအရာရှိတစ်ဦးက ပြောပါတယ်။

ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ သမ္မတနဲ့ သူ့ရဲ့ ဇနီးဖြစ်သူတို့ မော်လ်ဒိုက်ကို သွားရောက်ဖို့ လေယာဉ်တစ်စင်း ပေးအပ်ခဲ့တယ်လို့ လေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး “ဒါက သူ့ရဲ့အာဏာကို လွန်ကဲစွာအသုံးပြုတဲ့ ခေါင်းဆောင်တစ်ဦးဆိုတာကို ပြသလိုက်တာပါ”လို့ လွှတ်တော်တွင်း အဓိကအတိုက်အခံပါတီ အကြီးတန်းအရာရှိတစ်ဦးက ကပြောပါတယ်။

ရာဂျာပက်ဆာဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ ဖိအားတွေများလာလို့ ရာထူးကနေ နှုတ်ထွက်ဖို့ သဘောတူညီခဲ့ပြီး ဝန်ကြီးချုပ်ကလည်း အစိုးရသစ်တက်လာပြီးတာနဲ့ ထွက်ခွာမယ်လို့ ပြောဆိုခဲ့တာပါ။

သီရိလင်္ကာလွှတ်တော်အမတ်တွေဟာ လာမည့်သီတင်းပတ်မှာ သမ္မတသစ်တစ်ဦးကို ရွေးချယ်ဖို့ သဘောတူညီခဲ့ကြပေမယ့် ချွတ်ခြုံကျနေတေဲ့ နိုင်ငံရဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီး တာဝန်ယူဆောင်ရွက်နိုင်ဖို့ အစိုးရသစ်ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ရုန်းကန်နေခဲ့ရပါတယ်။

Source – AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။