Trending Now

ပြည်ကြီးတံခွန်မြို့နယ်တွင် တရားမဝင် သိုလှောင်ထားသည့် ငွေကျပ် ၂ ဘီလီယံတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိ

Spread the love

ပြည်ကြီးတံခွန်မြို့နယ်တွင် တရားမဝင် သိုလှောင်ထားသည့် ငွေကျပ် ၂ ဘီလီယံတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၈ (၂၀၂၄)

မန္တလေးတိုင်းဒေသ၊ ပြည်ကြီးတံခွန်မြို့နယ်တွင် တရားမဝင် သိုလှောင်ထားသည့် ငွေကျပ် ၂ ဘီလီယံတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၅ တန်ကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၂ လမ်း၊ ၁၃၉ လမ်းထောင့်ရှိ ကျော်စိုး (ခ)အားလျံ ငှားရမ်းထားသည့် ဂိုဒေါင်အား သတင်းအရရှာဖွေရာ ဂိုဒေါင်အတွင်းမှ တရားမဝင် သိုလှောင်ထားသော ဆာလာအိတ် ၂၀၀ ဖြင့်ထည့်ထားသော ဒေသကာလတန်ဖိုးငွေ ကျပ် ၂ ဘီလီယံတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၅ တန်ကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်‌သည်။

ယင်းဖမ်းဆီးရမိ တရားခံအား စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိသော ကဖင်းများကို မန္တလေးတိုင်းဒေသကြီးမှ ရှမ်းပြည်နယ် (မြောက်ပိုင်း)သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး၊ ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

အယ်လီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။