Trending Now

စက္ကူဂျပ်ဖာများအတွင်းမှ ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ငွေကျပ် သိန်းလေးရာ နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Spread the love

စက္ကူဂျပ်ဖာများအတွင်းမှ ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ငွေကျပ် သိန်းလေးရာ နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN
သပိတ်ကျင်း၊ စက်တင်ဘာ ၂၇ ( ၂၀၂၃)

စက္ကူဂျပ်ဖာများအတွင်းမှ ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ငွေကျပ် သိန်းလေးရာ နီးပါး တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ယမန်နေ့ နံနက် ၆ နာရီခွဲအချိန်ခန့်တွင် အမျိုးသား တစ်ဦးထံမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သပိတ်ကျင်းမြို့နယ်၊ ဖော့တောကျေးရွာအနီးတွင် စက်တင်ဘာလ ၂၆ ရက်နေ့ ၆နာရီခွဲအချိန်ခန့်တွင် မူးယစ်ဆေးဝါးသတင်းအရ မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မန္တလေးမြို့မှ မြစ်ကြီးနားမြို့ဘက်သို့ မောင်းနှင်လာသော ခရီးသည်တင် မော်တော် ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် မြတ်ထွန်း သယ်ဆောင်လာသော စက္ကူဂျပ်ဖာများအတွင်းမှ ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၁.၅၆ ကီလို (ဒေသကာလပေါက် ဈေးတန်ဖိုးငွေကျပ်သိန်း ၃၉၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်သု သိရသည်။

အဆိုပါမူးယစ်ဆေးဝါးနှင့် ပတ်သက်၍ မြတ်ထွန်း (၅၂)နှစ်အား သပိတ်ကျင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ထက်ထက်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။