Trending Now

မုံရွာမြို့ပေါ်မှာ လုံခြုံရေးအဖွဲ့ကို သေနတ်နဲ့ ပစ်ပြေး ၊ ပြေးတဲ့ လူငယ်တစ်ဦး သေနတ်မှန် သေဆုံး

Spread the love

မုံရွာမြို့ပေါ်မှာ လုံခြုံရေးအဖွဲ့ကို သေနတ်နဲ့ ပစ်ပြေး ၊ ပြေးတဲ့ လူငယ်တစ်ဦး သေနတ်မှန် သေဆုံး
EPN
မုံရွာ ၊ ဖေဖော်ဝါရီ ၂၀
မုံရွာမြို့၊ အောင်ချမ်းသာရပ်၊ ဗိုလ်ချုပ်လမ်းမှာ လုံခြုံရေး လုပ်နေတဲ့အဖွဲ့ကို ဖေဖော်ဝါရီ ၁၉ ရက်၊ မနေ့ည ၈ နာရီကျော်အချိန်က. ဆိုင်ကယ်စီး လူတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးတဲ့အတွက် လုံခြုံရေးအဖွဲ့က ခုခံပစ်ခတ်ရာ ဆိုင်ကယ်စီး သေနတ်သမား သေဆုံးခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့တွေထံက သိရပါတယ်။
” သေဆုံးသူက နာမည် မသိရသေဘူး၊ စူပါကပ်ဆိုင်ကယ်စီးတယ်၊ ဂျင်းဘောင်းဘီရှည် မိုးပြာရောင်၊ အနီရောင် အင်္ကျီ နဲ့ဖြစ်တယ်၊ အသက်က ခန့်မှန်း ၂၀ ကျော်လောက်ဖြစ်မယ် ” လို့ ပရဟိတသမားတစ်ဦးက ပြောပါတယ်။
မုံရွာမြို့မှာ ည ၈ နာရီနဲ့ မနက် ၄ နာရီအကြား ညမထွက်ရ အမိန့်ထုတ်ပြန်ထားတဲ့အတွက် အဲ့ဒီ ဆိုင်ကယ်စီးလာတဲ့သူကို လုံခြုံရေးအဖွဲ့က စစ်ဆေးခံဖို့ ရပ်တန့်ခိုင်းရာ ဆိုင်ကယ်သမားက ဆိုင်ကယ်ကို ရပ်မပေးပဲ အသင့်ယူဆောင်လာတဲ့ သေနတ်နဲ့ လုံခြုံရေးအဖွဲ့ကို ပစ်ခတ်ထွက်ပြေး ခဲ့တာလို့ သိရပါတယ်။
အဲ့ဒါကြောင့် လုံခြုံရေးအဖွဲ့က ခုခံ ပစ်ခတ်တဲ့အခါ ဆိုင်ကယ်စီး သေနတ်သမား သေဆုံးခဲ့တာဖြစ်ပါတယ်။
အဲ့ဒီ သေဆုံးသူနဲ့ ပတ်သက်လို့ မုံရွာမြို့မရဲစခန်းက သေမှုသေခင်းရေးဖွင့်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။