Trending Now

မန္တလေးမှ မြစ်ကြီးနားသို့ စက်သုံးဆီ သယ်ဆောင်လာသည့် ဆီဘောက်ဆာ ကားတိမ်းမှောက် အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိ

Spread the love

မန္တလေးမှ မြစ်ကြီးနားသို့ စက်သုံးဆီ သယ်ဆောင်လာသည့် ဆီဘောက်ဆာ ကားတိမ်းမှောက် အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိ

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၆

မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက် မြို့ရှောင်လမ်းတွင် ဇန်နဝါရီလ ၁၆ ရက် ယနေ့ နံနက်ပိုင်း ၁၁ နာရီအချိန်ခန့်က မန္တလေးမှ မြစ်ကြီးနားသို့ စက်သုံးဆီ သယ်ဆောင်လာသည့် ဆီဘောက်ဆာ ကားတစ်စီး ပမ္မတီးရပ်ကွက် မြို့ရှောင်လမ်း အကွေ့တစ်နေရာတွင် Accident ဖြစ်ပွားခဲ့သည့် အတွက် ကားတိမ်းမှောက်ကာ အမျိုးသား နှစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ရပ်ကျေး တာဝန်ခံများထံက သိရသည်။

မန္တလေးမှ မြစ်ကြီးနား Asia Energy စက်သုံးဆီ ရောင်းဝယ်ရေး ဆီဆိုင်သို့ ပို့ရန် သယ်ဆောင်လာသည့် ဆီဘောင်ဆာ ကား တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ယာဉ်မောင်းနှင့် လမ်းလျှောက်လာသူ အမျိုးသား တစ်ဦးတို့ ထိ‌ခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ရပ်ကျေး တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

“မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက် မြို့ရှောင်လမ်းဖြစ်တဲ့ ဧရာဝဏ် ဆီ‌ဆိုင်အရှေ့အကွေ့နားမှာ ဆီဘောက်ဆာ တစ်စီး တိမ်းမှောက်မှု ဖြစ်ခဲ့တယ် ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းလည်း မျက်ခုံမှာ ကွဲပြဲဒဏ်ရာ ရတယ် နောက်ပြီးတော့ လမ်းဘေး လမ်း‌လျှောက်နေတဲ့ အမျိုးသားတစ်ဦးလည်း ဆီဘောက်ဆာ ကား နောက်ခြမ်းနဲ့ ထိမိလို့ ဦးခေါင်း အပြင်းအထန် ဒဏ်ရာ ရရှိခဲ့တယ်”လို့ ၎င်းက ဆိုသည်။

အဆိုပါ ဆီဘောင်ဆာ ကား တိမ်းမှောက်မှုကြောင့် စက်သုံးဆီများ မီးလောင်မှု မရှိစေရန် မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်မှုများ ပြုလုပ်ပေးနေပြီး ထိခိုက် ဒဏ်ရာ ရရှိသူများကို လူမှုကူညီရေး အသင်းမှ မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသရန် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယင်း ဆီဘောက်ဆာ တိမ်းမှောက်ရာ နေရာသို့ ယာဉ်ထိန်းရဲများ မီးသတ်များတပ်ဖွဲ့များ နှင့် ရပ်ကျေးတာဝန်ရှိသူများက အများပြည်သူများသွားလာမှု အခက်အခဲ မရှိစေရန် ကရိန်းများဖြင့် တိမ်းမှောက်နေသည့် ယာဉ်အား ရှင်းလင်းဆောင်ရွက်ပေးနေကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။