Trending Now

ဒီမိုကရေစီပါတီသစ်(ကချင်)မှ ကိုဗစ်နိုင်တင်း ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ ပါဝင်ဆောင်ရွက်

Spread the love

ဒီမိုကရေစီပါတီသစ်(ကချင်)မှ ကိုဗစ်နိုင်တင်း ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ ပါဝင်ဆောင်ရွက်

EPN
ပန်ဝါ၊ ဧပြီ ၁၈

ဒီမိုကရေစီပါတီသစ်(ကချင်)၏ ပါတီရုံးချုပ် စိုက်ရာ ကချင်အထူးဒေသ(၁)၊ ချီဖွေမြို့နယ်၊ ပန်ဝါမြို့နှင့် ဒေသအတွင်း ကိုဗစ်နိုင်တင်း ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

NDP(KACHIN) ပါတီအနေနှင့် ယနေ့ ဧပြီလ ၁၈ ရက်တွင် ဒေသအခြေစိုက် အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ မြို့တွင်း ပိုးသတ်ဆေးဖြန်းခြင်း၊ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း အပြင် Maskများ ဝေငှခြင်း တို့ကို ဆောင်ရွက်လျှက်ရှိကြောင်း NDP(KACHIN) ဒု အတွင်းရေးမှူး ဦးထောဒေါင်က ပြောပြသည်။

“ဒီနေ့မှာတော့ ပန်ဝါ ဒေသတည်ငြိမ်အုပ်ချုပ်ရေးကော်မတီရယ်၊ ပန်ဝါဌာနပြည်သူ့စစ်ရယ် ပူးပေါင်းပြီး ဆောင်ရွက်နေတဲ့ COVID 19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ ကျနော်တို့ ပါတီက လူငယ်တွေ ကလဲ ပါဝင် အားဖြည့် ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်” ဟု ဒုအတွင်းရေးမှူး ဦးထောဒေါင်က ပြောသည်။

NDP(KACHIN) ပါတီအနေနှင့် ကချင်အထူးဒေသ(၁)တွင် COVID 19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျှက်ရှိပြီး ပြီးခဲ့သည့် ရက်ကလဲ တရုတ်-မြန်မာနယ်စပ်ဂိတ် ကန်ပိုင်တီမြို့တွင် တရုတ်ပြည်မှ ပြန်လာကြသည့် မြန်မာနိုင်ငံသားများကို Quarantine ထားရှိသည့် နေရာအတွက် ကန်ပိုင်တီဒေသ ကိုဗစ်နိုင်တင်း ကာကွယ် ထိန်းချုပ်ရေး ကော်မတီသို့ အလှူငွေများ လှူဒါန်းခဲ့ကြောင်း သိရသည်။

မင်းမင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။