Trending Now

ဘူဒါပတ်လှေနစ်မြုပ်မှုမှ အလောင်းတစ်လောင်းထပ်မံဆယ်ယူရရှိ

Spread the love

ဘူဒါပတ်လှေနစ်မြုပ်မှုမှ အလောင်းတစ်လောင်းထပ်မံဆယ်ယူရရှိ

EPN
နိုင်ငံတကာ၊ ဇွန် ၆

ဟန်ဂေရီနိုင်ငံ မြို့တော် ဘူဒါပတ်က ဒန်နျူ မြစ်ထဲ ပြီးခဲ့တဲ့သီတင်းပတ်က နစ်မြုပ်ခဲ့တဲ့ အပန်းဖြေလှေက အလောင်းတစ်လောင်းကို ရေငုပ်ရှာဖွေရေးအဖွဲ့က ဇွန်လ ၅ ရက်နေ့မှာ ဆယ်ယူနိုင်ခဲ့ပါတယ်။

တောင်ကိုရီးယား ကမ္ဘာလှည့်ခရီးသွား ၃၃ ဦးနဲ့ ဟန်ဂေရီ လှေသမားနှစ်ဦးလိုက်ပါလာတဲ့ အပန်းဖြေ လှေတစ်စီးဟာ ပြီးခဲ့တဲ့ သီတင်းပတ် ဗုဒ္ဓဟူးနေ့က သင်္ဘောတစ်စီးနဲ့ တိုက်မိ နစ်မြုပ်ခဲ့ပြီး အနည်းဆုံး ၂၈ ဦး သေဆုံးခဲ့ပါတယ်။ အခုအလောင်းကို ဇွန်လ ၅ ရက်နေ့မနက်အစောပိုင်းမှာ ရှာတွေ့ခဲ့တာလို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြောပါတယ်။

တောင်ကိုရီးယားနဲ့ ဟန်ဂေရီ ပူးပေါင်းကယ်ဆယ်ရေးအဖွဲ့ဟာ ပျောက်ဆုံးနေသူတွေကို ဆက်လက် ရှာဖွေလျက်ရှိနေပြီး ရေအောက်မြင်ကွင်းအားနည်းမှုနဲ့အပျက်အစီးတွေကြောင့် ရေငုပ်သမားတွေ အ တွက် အန္တရာယ်ရှိနေဆဲလို့ ကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲပြုလုပ်ရာမှာ ပြောပါတယ်။ နစ်မြုပ်သွားတဲ့လှေကို ဇွန်လ ၆ ရက် သို့မဟုတ် ၇ ရက်နေ့မှာ ကရိန်းနဲ့ ပြန်လည်ဆည်ယူသွားဖို့ရှိတယ်လို့လည်းသိရပါတယ်။

အခုမတော်တဆမှုမှာ တောင်ကိုရီုးယားနိုင်ငံသား ၆ ဦးအသက်ရှင်လွတ်မြောက်ခဲ့ပြီး သေဆုံးသူ ၁၃ ဦးကို တွေ့ရှိထားကာ ၁၅ ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သတင်းရရှိပါတယ်။

Ref;CNA
Divers find body from Budapest boat disaster, salvage plan begins


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။