Trending Now

ကမ္ဘာ့အကြီးဆုံး ဟာဝိုင်အီ မီးတောင် နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ်ပေါက်ကွဲ

Spread the love

ကမ္ဘာ့အကြီးဆုံး ဟာဝိုင်အီ မီးတောင် နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ်ပေါက်ကွဲ

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၂၉

ကမ္ဘာ့အကြီးဆုံးမီးတောင်တွေထဲက တစ်ခုဖြစ်တဲ့ ဟာဝိုင်အီကျွန်းက မာနာလိုရာ မီးတောင်ဟာ ၁၉၈၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တနင်္ဂနွေနေ့ကစတင် ပေါက်ကွဲခဲ့ပါတယ်။

ချော်ရည်ပူတွေဟာ မီးတောင်ထိပ်မှာသာ ရှိနေသေးလို့ လူနေအိမ်တွေ အန္တရာယ်မရှိသေးပေမယ့် မီးခိုးပြာတွေနဲ့ ဓာတ်ငွေ့တွေ မှုတ်ထုတ်နိုင်တဲ့ အန္တရာယ်ကို အဏာပိုင်တွေက အစောပိုင်းသတိပေးထားပါတယ်။

လက်ရှိအချိန်အထိ လူတွေကို ဘေးလွတ်ရာရွှေ့ပြောင်း ဖို့အမိန့်ထုတ်ပြန်ထားခြင်းမရှိသေးသလို လူနေထူထပ်တဲ့ နေရာတွေကိုတော့ အခုအဆင့်မှာ ထိခိုက်မှုမရှိနိုင်သေးဘူးလို့ အရေးပေါ်တာဝန်ရှိသူတွေက ဆိုပါတယ်။

မာနာလိုရာ မီးတောင်ဟာ အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီပြည်နယ်အတွင်းက ဟာဝိုင်အီကျွန်းမှာ တည်ရှိတဲ့ မီးတောင်ငါးခုအနက်က အကြီးဆုံး မီးတောင်တစ်ခု ဖြစ်ပါတယ။်

မာနာလိုရာ ဟာ ၁၉၈၄ ခုနှစ်က နောက်ဆုံးအကြိမ်အဖြစ် ၃၃ ကြိမ်အထိ ပေါက်ကွဲခဲ့ပြီး ကျွန်းရဲ့ လူနေအထူထပ်ဆုံးမြို့တစ်ခုဖြစ်တဲ့ ဟိုလိုမြို့ အနီးအထိ ချော်ရည်တွေ စီးဆင်းခဲ့တယ်လို့ ဆိုပါတယ်။

 

— ကိုးကား —
BBC
ref; Mauna Loa: World’s largest active volcano erupts in Hawaii

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။