Trending Now

ဒေသတွင်း ကုန်စည်ပြတ်လပ်မှု မရှိစေရေးအတွက် ရပ်နားထားတဲ့ မုံရွာ – ခန္တီး ကုန်တင်ရေယာဉ် လမ်းကြောင်း ပြန်ဖွင့်

Spread the love

ဒေသတွင်း ကုန်စည်ပြတ်လပ်မှု မရှိစေရေးအတွက် ရပ်နားထားတဲ့ မုံရွာ – ခန္တီး ကုန်တင်ရေယာဉ် လမ်းကြောင်း ပြန်ဖွင့်

EPN

မုံရွာ ၊ ဖေဖော်ဝါရီ ၁၄

စစ်ကိုင်းတိုင်း အောက်ပိုင်း မုံရွာမြို့ကနေ စစ်ကိုင်းတိုင်း အထက်ပိုင်း ခန္တီးမြို့ကို ကုန်စည်ပို့ဆောင်ပေးနေတဲ့ ရေယာဉ်တွေဟာ ပြီးခဲ့တဲ့နှစ်က အကြမ်းဖက်သမားတွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ပြေးဆွဲတာတွေ ယာယီရပ်နားထားရာကနေ အခုလ ၁၄ ရက်ကစလို့ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးတော့မှာ ဖြစ်တယ်လို့ မုံရွာဆိပ်ကမ်းရှိ ကုန်စည်ပို့ဆောင်ရေး ရေယာဉ်ဂိတ်တွေထံက သိရပါတယ်။

” မနေ့ကစလို့ ကုန်တွေလက်ခံပေးနေတာပါ ၊ အရင်က ကုန်တန်ဆာက ပစ္စည်းရောက်မှ ငွေချေတာပါ ၊ စက်သုံးဆီ ဈေးနူန်းအပြောင်းအလဲတွေကြောင့် ကုန်စတင်အပ်တာနဲ့ ကုန်တန်ဆာခ တခါထဲ ပေးချေရမှာဖြစ်တယ် ” လို့ ကုန်စည်ပို့ဆောင်ရေး ဂိတ်တာဝန်ခံ တစ်ယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က မုံရွာဆိပ်ကမ်းကနေ မင်းကင်း ၊ ကလေးဝ ၊ မော်လိုက် ၊ ဖောင်းပြင် ၊ ဟုမ္မလင်း ၊ ခန္တီး ပြေးဆွဲပေးနေတဲ့ ရေယာဉ်လိုင်းတွေဟာ အကြမ်းဖက်သမားတွေရဲ့ ကုန်ပစ္စည်းလုယက်တာ ၊ လူသတ်တာတွေ ခံရပြီးနောက်ပိုင်း ပြေဆွဲခြင်းမပြုဘဲနဲ့ ယာယီရပ်နားထားကြတာဖြစ်ပါတယ်။

” လမ်းကြောင်း လုံခြုံရေး အာမခံချက်ကြောင့် ပြေးဆွဲပေးတာ မဟုတ်ဘူး ၊ ရေလမ်း ၊ ကုန်းလမ်း နှစ်ခုစလုံးက အဆင်မပြေတော့ ခန္တီး ၊ ဟုမ္မလင်း ၊ ဖောင်းပြင်နယ်ဘက်တွေမှာ ကုန်စည်လိုအပ်ချက်တွေဖြစ်နေပြီ ၊ ကုန်သည်ဆိုတာ စားသုံးသူတွေရဲ့ လိုအပ်ချက်ကို မျက်နှာလွဲနေလို့မရဘူး ၊ အဲ့ဒါကြောင့် အသက်နဲ့ရင်းပြီး ကုန်စည်လိုအပ်ချက်ကို ဖြည့်စွက်ပေးတာ ” လို့ မုံရွာ ကုန်သည်တစ်ယောက်က ပြောပါတယ်။

ချင်းတွင်းမြစ်ကြောင်းမှာ ကုန်စည်ပို့ဆောင်ရေး ရေယာဉ်အသင်းပေါင်း ဒါဇင်နဲ့ချီပြီးရှိတဲ့အနက်က MGRG ၊ မိုးဇင်ယော် ၊ ရွှေနဒီ ၊ ငွေဇင်ဦး စတဲ့ အသင်းတွေက အခုလ ၁၄ ရက်မှ စတင်ကာပြေးဆွဲပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။