Trending Now

၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်းကို ကစားသမား ၃၃ ဦးဖြင့် စတင်ဖွဲ့စည်း

Spread the love

၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်းကို ကစားသမား ၃၃ ဦးဖြင့် စတင်ဖွဲ့စည်း

EPN
ရန်ကုန်၊ အောက်တိုဘာ ၆ (၂၀၂၃)

၂၀၂၆ ကမ္ဘာ့ဖလား ပထမအဆင့် ခြေစစ်ပွဲယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင်အသင်းကို ကစားသမား ၃၃ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး အောက်တိုဘာ ၇ရက်နေ့တွင် စတင်လေ့ကျင့်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလား ပထမအဆင့် ခြေစစ်ပွဲအဖြစ် မကာအိုအသင်းနှင့် တွေ့ဆုံရာ အောက်တိုဘာ ၁၂ ရက်နေ့တွင် အိမ်ကွင်း၊ အောက်တို ဘာ ၁၇ ရက်နေ့တွင် အဝေးကွင်း ကစားရမည်ဖြစ်ပြီး၊ မြန်မာ့လက်ရွေးစင်အသင်း ပဏာလူစာရင်းတွင် ပြည်ပကလပ်များ၌ ကစားနေသူများ၊ မြန်မာ ယူ-၂၃အသင်းမှ ကစားသမားအချို့နှင့် ပြည်တွင်းကလပ်များတွင် ခြေစွမ်းပြနေသူများ ပါဝင်လာကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းတွင် ပဏာမကစားသမားများအဖြစ် ဂိုးသမား – ပြည့်ဖြိုးအောင် (ဟံသာဝတီ)၊ ဆန်းဆက်နိုင် (ရန်ကုန်ယူနိုက်တက်)၊ ဇင်ညီညီအောင် (ဒဂုံစတား)၊ ပြည့်ဖြိုးသူ (ရတနာပုံ)၊ နောက်တန်း- ဟိန်းဖြိုးဝင်း (ရတ်ချာဘူရီ – ထိုင်း)၊ စိုးမိုးကျော် (ဖနောင်းပင်ခရောင်း-ကမ္ဘောဒီးယား)၊ ရဲမင်းသူ၊ နန္ဒကျော်၊ ကျော်ဇင်လွင်၊ ဇွဲခန့်မင်း (ရှမ်းယူနိုက်တက်)၊ ဟိန်းဇေယျာလင်း (ရန်ကုန်ယူနိုက်တက်)၊ သက်ဟိန်းစိုး၊ ကောင်းထက်ပိုင် (ရတနာပုံ)၊ သီဟထက်အောင် (ရခိုင်ယူနိုက်တက်)၊ လတ်ဝေဘုန်း (ဧရာဝတီ)၊ အလယ်တန်း- လွင်မိုးအောင် (ရရောင်း-ထိုင်း)၊ မောင်မောင်လွင် (လမ်ဖွန်ဝါရီယာ- ထိုင်း)၊ ထက်ဖြိုးဝေ၊ မြတ်ကောင်းခန့် (ရှမ်းယူနိုက်တက်)၊ ဝေလင်းအောင်၊ ဆွမ်လမန် (ဒဂုံစတား)၊ ရန်နိုင်ဦး၊ ဇော်ဝင်းသိန်း (ရန်ကုန် ယူနိုက်တက်)၊ နေမိုးနိုင်၊ ခွန်ကျော်ဇင်ဟိန်း (ဟံသာဝတီ)၊ ကျော်မင်းဦး (PDRM-မလေးရှား)၊ ဟိန်းထက်အောင် (နီဂျီရီဆမ်ဘာလန်-မလေးရှား)၊ ရှေ့တန်း – ဥက္ကာနိုင် (ရန်ကုန်)၊ အောင်မြတ်သူ (ဟံသာဝတီ)၊ အောင်သူ၊ အောင်ကောင်းမာန် (အူထိုင်းထာနီ – ထိုင်း)၊ သန်းပိုင်(ချင်းမိုင်ယူနိုက်တက်-ထိုင်း)နှင့် ဝင်းနိုင်ထွန်း (ဘော်နီယို- အင်ဒိုနီးရှား)တို့ ပါဝင်ကြကြောင်း သိရသည်။

အမရာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။