Trending Now

ကျိုက်လတ်မြို့နယ်တွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

Spread the love

ကျိုက်လတ်မြို့နယ်တွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

EPN
ကျိုက်လတ် ၊ နိုဝင်ဘာ ၁၁

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်တွင် ကြံ့ခိုင်ရေးပါတီ ဝင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရခြင်းကြောင့် ဆေးရုံတင် လိုက်ရကြောင်း ၊ တာဝန်ရှိသူတစ်ဦး ထံမှ သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ကြံ့ခိုင်ရေးပါတီဝင်သည် ဆောင်မျိုးသူ(ခ)ကိုသူဆိုသူဖြစ်ပြီး နိုဝင်ဘာလ ၁၀ ရက် ညပိုင်းက အမှတ် ၁ ရပ်ကွက်၊ ၂၃ လမ်းမှာရှိနေသည့်ချိန် အမည်မသိလက်နက်ကိုင်များက လာရောက်ပြီး သေနတ် ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။

“ သေနတ်နဲ့ ပစ်ခတ်ခံရသူက ကြံ့ခိုင်ရေးပါတီဝင်ပါ ၊ပစ်ခတ်သွားတာ ဘယ်သူတွေလည်းဆိုတာ စုံစမ်းနေဆဲ ပဲရှိပါသေးတယ် ၊ အပစ်ခံရသူက သေနတ်ဒဏ်ရာ ၄ ချက် လောက်ထိသွားတာ ၊ အခုဆေးရုံမှာ ဆေးကုသမှုခံ ယူနေရတယ် ၊ ပစ်ခတ်သွားသူကို ဖမ်းဆီးနိုင်ဖို့ အဖွဲ့အစည်းပေါင်းစုံ စစ်ဆေး လုပ်နေတယ်။”လို့ ၎င်းက ဆက်ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ ၊ စစ်တပ်နှင့် တာဝန်ရှိသူများပူးပေါင်းကာ ကျိုက်လတ်မြို့ ၁ ရပ်ကွက် ၊ အမှတ် ၂၃ လမ်းနှင့် မြို့အတွင်းနေရာ အချို့တွင် ပိတ်ဆို့စစ်ဆေးဆောင် ရွက်နေကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းကလည်း စစ်တပ်နှင့် နီးစပ်သူတစ်ဦးသေနတ်ဖြင့်
ပစ်သတ်ခံရခြင်းကြောင့် ဆေးရုံအရောက်တွင် သေဆုံးခဲ့ရ သေးကြောင်း သိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။