Trending Now

ရွှေကူမြို့မှ PDF အဖွဲ့ဝင် အမျိုးသား တစ်ဦး ဥပေဒေဘောင်းအတွင်း ပြန်လည်ဝင်ရောက်ခဲ့ဟု သတင်းထုတ်ပြန်ထား

Spread the love

ရွှေကူမြို့မှ PDF အဖွဲ့ဝင် အမျိုးသား တစ်ဦး ဥပေဒေဘောင်းအတွင်း ပြန်လည်ဝင်ရောက်ခဲ့ဟု သတင်းထုတ်ပြန်ထား

EPN
မြစ်ကြီးနား၊ မေ ၂၄

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့မှ PDF အဖွဲ့ဝင် အမျိုးသား တစ်ဦးနှင့် ၎င်း၏မိသားစုဝင် နှစ်ဦးတို့သည် KA-22 သေနတ် တစ်လက်၊ ဘီအေ-၉၁ လက်ပစ်ဗုံး တစ်လုံး၊ အမ်ဂျီ-၁ လက်ပစ်ဗုံး တစ်လုံး၊ ခဲယမ်းများနှင့်အတူ ဗန်းမော်တပ်နယ်မှ တာဝန်ရှိသူများထံသို့ ဥပဒေဘောင်အတွင်းသို့ မေလ ၂၄ ရက်နေ့က ပြန်လည်ဝင်ရောက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ယနေ့ သတင်းထုတ်ပြန်ထားသည်။

ထိုသို့ ပြန်လည် ဝင်ရောက်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သေနတ် တစ်လက်အတွက် ငွေကျပ်သိန်း ၅၀၊ လက်ပစ်ဗုံး နှစ်လုံးအတွက် ငွေကျပ်သုံးသိန်းနှင့်ခဲယမ်း ဆက်စပ်ပစ္စည်းများအတွက် ငွေ ကျပ် သုံးသိန်း စုစုပေါင်းငွေကျပ် ၅၆ သိန်းကို ဆုကြေးငွေအဖြစ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ဖော်ပြပါရှိသည်။

ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လိုသူများ အနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ် စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့ လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။