Trending Now

ဘရာဇီးသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

Spread the love

ဘရာဇီးသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

EPN
နိုင်ငံတကာ၊ မေ ၇

တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေသည့် အစီအမံများကို ပယ်ချခဲ့သည့် ဘရာဇီးသမ္မတ ဂျားဘိုလ်ဆိုနာရို၏ ပြောရေးဆိုခွင့်ရှိသူမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း ဘရာဇီးအစိုးရက ပြောကြားလိုက်သည်။

ဘရာဇီးအစိုးရအဖွဲ့၏ ထိပ်တန်းတာဝန်ရှိသူတစ်ဉီးဖြစ်သည့် အသက် ၅၉ နှစ်အရွယ် ကြည်းတပ် ဗိုလ် ချုပ်ကြီး အိုတာဗီယိုရီဂိုဘာရို့စ်မှာ မေလ ၅ ရက်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည်ဟု အတည်ပြုပြီး နောက် နေအိမ်၌ သီးသန့်ခွဲနေလျက်ရှိကြောင်း ဘရာဇီးသမ္မတရုံးက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားသည်။

ဆက်သွယ်ရေးအကြီးအကဲ ဖာဘီယိုဝတ်ဂျ်ဂါတန်နှင့် အမျိုးသား လုံခြုံရေးဝန်ကြီး အော်ဂတ်စတိုဟယ် လီနို အပါအဝင် ဘရာဇီး အဆင့်မြင်တာဝန်ရှိသူ ၂၀ ကျော်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသည်။

ဘရာဇီးသမ္မတ ဘိုလ်ဆိုနာရိုကိုယ်တိုင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးမှုပြလုပ်ခဲ့သော်လည်း ရလဒ်များကို လူသိရှင်ကြား မကြေညာခဲ့ပေ။ ဘိုလ်ဆိုနာရိုက ကိုဗစ်-၁၉ ရောဂါကို စိတ်ချောက်ချားစရာအဖြစ် ရှုတ်ချခဲ့သည်။

တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေ အစီအမံများက စီးပွားရေးကို ထိခိုက်စေပြီး အခြေခံလူတန်းစားများအတွက် မဖြစ်နိုင်ဟု ပြောကြားခဲ့သည်။

–ကိုးကား–

ဟန္ဒူစတန်တိုင်းမ်
Ref; Brazilian prez Bolsonaro’s spokesperson tests positive for Covid-19


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။