Trending Now

အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့် ၂၀၂၄ သမ္မတရွေးကောက်ပွဲဝင်ပြိုင်မည်

Spread the love

အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့် ၂၀၂၄ သမ္မတရွေးကောက်ပွဲဝင်ပြိုင်မည်

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၁၆

အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်က ၂၀၂၄ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ထပ်မံ၍ ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဟု မာ-လာ-ဂို စံအိမ်ကြီးတွင် ပြုလုပ်သည့် လုထုမိန့်ခွန်းတွင် ယနေ့ ထုတ်ဖော်ပြောကြားလိုက်သည်။

“မင်းရဲ့နိုင်ငံကို မင်းမျက်မှောက်မှာ ဖျက်ဆီးနေကြတယ် ဒါတွေကိုတားဆီးဖို့ အမေရိကန်သမ္မတလောင်းအဖြစ် ကျွန်တော်ရှိနေပါတယ်” ဟု အသက် ၇၆ နှစ်အရွယ် ဒေါ်နယ်ထရမ့်က လူထုမိန့်ခွန်းအတွင်း ပြောဆိုခဲ့သည်။

အမေရိကန်တွင် သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲဝင်ရန်အတွက် လိုအပ်သည့် စာရွက်စာတမ်းများ တင်သွင်းခြင်းနှင့် ထရမ့်၏ တရားဝင်ကြေညာချက်သည် ကြားဖြတ်ရွေးကောက်ပွဲ စတင်ပြီး တစ်ပတ်အကြာတွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ရီပက်ဘလစ်ကန် သမ္မတဟောင်းသည် ၂၀၂၀ ခုနှစ်တွင် ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒင်ကို ရှုံးနှိမ့် ခဲ့ပြီးနောက် အိမ်ဖြူတော်ကို နှုတ်ဆက်ထွက်ခွာခဲ့ရခြင်ဖြစ်သည်။

— ကိုးကား —
NHK
Ref; Trump will run in the 2024 presidential election

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။