Trending Now

ဖားကန့်၌ KTV တစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွား၊ စစ်တပ်မှ အရာရှိ တစ်ဦးသေဆုံး

Spread the love

ဖားကန့်၌ KTV တစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွား၊ စစ်တပ်မှ အရာရှိ တစ်ဦးသေဆုံး

EPN
မြစ်ကြီးနား၊ နိုဝင်ဘာလ ၁၉

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ယနေ့ နိုဝင်ဘာလ (၁၉)ရက်နေ့ နံနက် (၇)နာရီခန့်က မှော်စီစာကျေးရွာရှိ KTV တစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ယင်း KTV သို့ ရောက်ရှိနေသည့် တပ်မတော်မှ အရာရှိတစ်ဦး သေဆုံးကာ၊ တပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်မှ မှော်စီစာကျေးရွာရှိ SKY KTV တွင်း တပ်မတော်အရာရှိတစ်ဦးနှင့် ၎င်း၏အဖွဲ့တို့ ရောက်ရှိနေစဉ် အမည်မသိအဖွဲ့က ရောက်လာကာ လက်ပစ်ဗုံးဖြင့် ဖောက်ခွဲပြီး သေနတ်များ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောပြသည်။

“နံနက် (၇)နာရီလောက်မှ ဆိုင်ကယ်တွေ (၄) စီးလောက် သေနတ်သမားတွေ အဲ့ဒီနားကိုရောက်လာကြတယ်၊ မကြာဘူး၊ ဗုံးသံတစ်ချက်ကြားရပြီး သေနတ်သံတွေကြားရတယ်၊ အဲ့ဒီမှာ ရောက်နေတဲ့ စစ်ဗိုလ် တစ်ယောက် သေဆုံးသွားပြီး စစ်သား တစ်ယောက် ဒဏ်ရာရရှိသွားတယ်” ဟု ၎င်းကပြောသည်။

ဖားကန့်မြို့နယ်တွင် အလားတူဖြစ်စဉ်များမကြာခဏ ဖြစ်ပွားလေ့ရှိကာ အောက်တိုဘာလ (၁၆)ရက်နေ့ကလည်း ဖားကန့် ကျောက်စိမ်းတောင်တံတားအနီး ၌ ရဲတပ်ဖွဲ့ဝင် (၂)ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။