Trending Now

ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး နေအိမ်ပြင်ပသို့မထွက်ကြရန်နှင့် မဖြစ်မနေသွားလာရမည်ဆိုပါက Mask တပ်ဆင်သွားလာကြရန် ပြည်နယ်ဝန်ကြီးချုပ် တိုက်တွန်းမှာကြား

Spread the love

ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး နေအိမ်ပြင်ပသို့မထွက်ကြရန်နှင့် မဖြစ်မနေသွားလာရမည်ဆိုပါက Mask တပ်ဆင်သွားလာကြရန် ပြည်နယ်ဝန်ကြီးချုပ် တိုက်တွန်းမှာကြား

EPN
မြစ်ကြီးနား၊ ဧပြီ ၁၄

ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး နေအိမ်ပြင်ပသို့ မထွက်ကြရန်နှင့် မဖြစ်မနေသွားလာရမည်ဆိုပါက Mask တပ်ဆင်သွားလာကြရန် အသိပေးဆောင်ရွက်ကြရန်လိုကြောင်း ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များနှင့် တွေ့ဆုံစဉ် တိုက်တွန်းမှာကြားလိုက်သည်။

ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က မိမိတို့ နိုင်ငံတွင် COVID-19 ရောဂါ ပိုးတွေ့လူနာ အယောက် (၆၀)ဦးကျော်ရှိပြီဖြစ်သော်လည်း မိမိတို့ပြည်နယ်အတွင်း ယနေ့ထိ အတည်ပြုလူနာမရှိသေး သော်လည်း ပြည်သူများအနေဖြင့် နေအိမ်တွင် အတတ်နိုင်ဆုံးနေထိုင်ကြရေးနှင့် မဖြစ်မနေထွက်ခွာရ မည်ဆိုပါက Mask တပ်ဆင်သွားလာကြရေး အသိပေးလှုံ့ဆော်မှုများအပြင် ဈေးနှင့် စားသောက်ဆိုင် များရောင်းချမှုကို သုံးသပ်ပြင်ဆင်နိုင်ရေး၊ ရပ်ကွက်အတွင်း လူစုလူဝေးများ ဖြစ်စေသော အပြုအမှုများ ဆောင်ရွက်ပါကထုတ်ပြန်ထားသည့် ဥပဒေအတိုင်း ထိရောက်စွာအရေးယူသွားရေး တိုက်တွန်းမှာကြား သည်။

ထို့နောက် ကော်မတီအတွင်းရေးမှူး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်းက ကော်မတီအနေဖြင့် ပြည်နယ်အတွင်း COVID-19ထိန်းချုပ်ရေးလုပ်ငန်းများနှင့် အရေး ပေါ်တုံ့ပြန်ရေးအတွက် စီမံဆောင်ရွက်သွားမည့် ကိစ္စများနှင့် အခြေခံ စားသောက်ကုန်ပစ္စည်း (၅)မျိုးဖြန့် ဝေပေးနိုင်မှု အခြေအနေနှင့် ထောက်ပံ့မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးများ နှင့် ကော်မတီဝင်များက လက်ရှိ မြစ်ကြီးနားမြို့အခြေအနေနှင့် စည်ပင်သာယာဈေးများ အချိန်ကန့်သတ် ဖွင့်လှစ်နေမှုနှင့် စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချမှုများပေါ် အားနည်းချက်၊ အားသာချက် များနှင့် ဈေးများတွင် ရောင်းသူ၊ ဝယ်သူ Mask တပ်ကြရေးစသည့် ကိစ္စရပ်များအပေါ် ထိရောက်သည့် အစီအမံများဖြင့် ထိန်းချုပ်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဈေးများအချိန်ကန့်သတ်မှုအပေါ် လူစုလူဝေးမဖြစ် စေရေး စီမံဆောင်ရွက်သွားရန်နှင့် ပြည်သူများနေအိမ်မှ ပြင်ပသို့ ထွက်ခွာပါက mask များတပ်ဆင်နိုင် ရေး ရပ်ကွက်၊ ကျေးရွာများအထိ ဆော်သြလှုံ့ဆော်ကြရေးတို့ကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။