Trending Now

ရှီကျင့်ဖျင်ရဲ့ တတိယ သမ္မတသက်တမ်း စတင်

Spread the love

ရှီကျင့်ဖျင်ရဲ့ တတိယ သမ္မတသက်တမ်း စတင်

EPN
နိုင်ငံတကာ၊ မတ် ၁၀

ရှီကျင်းဖျင်ကို အဖွဲ့ဝင် ၂၉၉၇ ဦးရှိတဲ့ အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) က တညီတညွတ်တည်း ထောက်ခံခဲ့ပြီး ဒီနေ့ မတ်လ ၁၀ ရက်နေ့မှာ တရုတ်နိုင်ငံရဲ့ သမ္မတအဖြစ် သူရဲ့ တတိယသက်တမ်းကို စတင်ခဲ့ပါတယ်။

ရှီကျင်းဖျင်ဟာ လာမယ့်ငါးနှစ်အတွင်း ပြည်တွင်းပြည်ပ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြတ်ကျော်ကာ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေး နဲ့ အစိုးရအဖွဲ့ကို ဦးဆောင်သွားမယ်လို့ တရုတ်သတင်းဌာနက ဖော်ပြထားပါတယ်။

ထိုင်ဝမ်နဲ့ ပတ်သက်ပြီး ပဋိပက္ခဖြစ်ပွားနိုင်တဲ့ အလားအလာတွေ၊ နိုင်ငံအတွင်း လျင်မြန်စွာကြီးထွားလာနေတဲ့ သက်ကြီးရွယ်အို မြင့်တက်မှု ပြဿနာတွေအပြင် အမေရိကန်နဲ့ စီးပွားရေးအရ သက်ရောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ ဆိုပါတယ်။

နှစ်စဉ် ပါလီမန်အစည်းအဝေးရဲ့ ကျန်ရှိနေတဲ့ နှစ်ရက်အတွင်း သမ္မတရှီကျင်းဖျင်က ယုံကြည်ရတဲ့ မဟာမိတ်တွေကို သူဦးဆောင်မယ့် အစိုးရရဲ့ အဓိကအခန်းကဏ္ဍတွေမှာ ခန့်အပ်သွားမယ်လို့ သိရပါတယ်။

အာဏာရ ကွန်မြူနစ်ပါတီကို ဦးဆောင်နေတဲ့ ရှီ ဟာ အမျိုးသား ဗဟိုစစ်ကော်မရှင်ရဲ့ အကြီးအကဲအဖြစ်လည်း ခန့်အပ်ခံခဲ့ရသလို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကို ကြီးကြပ်ကွပ်ကဲတဲ့ ပါတီအဖွဲ့ရဲ့ အကြီးအကဲအဖြစ်လည်း ခန့်အပ်ခံထားရပါတယ်။

တရုတ်နိုင်ငံရဲ့ ရပ်တန့်နေတဲ့ စီးပွားရေးကို ပြန်လည်အသက်သွင်းဖို့နဲ့ နည်းပညာပိုင်းဆိုင်ရာတိုးတက်စေဖို့၊ ထိုင်ဝမ်ရေလက်ကြားမှာ ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကို ဖြေရှင်းဖို့နဲ့ နိုင်ငံလုံခြုံရေးကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်သွားဖို့ဟာ ရှီရဲ့ တတိယ သက်တမ်းအတွက် ဦးစားပေးဖြစ်တယ်လို့ ဆိုပါတယ်။

Ref; scmp

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။