Trending Now

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိ

Spread the love

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိ

EPN
နေပြည်တော်၊ အောက်တိုဘာ ၁၂ (၂၀၂၃)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို အောက်တိုဘာ ၁၅ ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC II) ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တာဝန်ရှိသူများသည် အောက်တိုဘာ ၁၁ရက်နေ့ နံနက်ပိုင်းက MICC II တွင် အခမ်းအနား ကျင်းပရန် ကြိုတင်ပြင်ဆင်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် MICC-2 Lobby တွင် ခင်းကျင်းပြသမည့် နယ်စပ်ရေးရာဝန်ကြီးဌာနပြခန်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနပြခန်းနှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြခန်းများ ဖြစ်ကြသည့် သတင်းစာများကပြောသော ငြိမ်းချမ်းရေးသမိုင်းမှတ်တမ်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်းနှင့် မြန်မာ့အသံ ရေဒီယိုတို့မှ တိုင်းရင်းသားဘာသာများဖြင့် ထုတ်လွှင့်မှုသရုပ်ပြခန်းတို့ ပြင်ဆင်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ယင်း အခမ်းအနားတွင် ကပြဖျော်ဖြေကြမည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကအဖွဲ့များ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနနှင့် ပြန်ကြားရေး ဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတို့မှ အကအဖွဲ့များ ဇာတ်တိုက်လေ့ကျင့်နေမှုများကို ကြည့်ရှု အားပေးကြပြီး ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ဦးမောင်မောင်အုန်း တို့သည် အခမ်းအနားကျင်းပမည့် Plenary Hall တွင် အခမ်းအနားပြင်ဆင်နေမှု၊ LED ဘုတ်များတပ်ဆင်မှု၊ လျှပ်စစ်မီးနှင့် အသံပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အမရာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။