Trending Now

ေရွးေဟာင္းသမိုင္းဝင္ေရႊက်ီးနားေစတီေတာ္ (၁၄၇)ႀကိမ္ေျမာက္ ဗုဒၶပူဇနိယပဲြေတာ္က်င္းပမည္

Spread the love

ေရွးေဟာင္းသမိုင္းဝင္ေရႊက်ီးနားေစတီေတာ္ (၁၄၇)ႀကိမ္ေျမာက္ ဗုဒၶပူဇနိယပဲြေတာ္က်င္းပမည္

EPN
ဗန္းေမာ္၊ မတ္ ၁၅

ကခ်င္ျပည္နယ္ ဗန္းေမာ္ၿမိဳ ့ေရွးေဟာင္းသမိုင္းဝင္ ေရြက်ီးနားေစတီေတာ္ျမတ္ႀကီး၏ (၁၄၇)ႀကိမ္ေျမာက္ ဗုဒၶပူဇနိယပဲြေတာ္ကို တေပါင္းလဆုတ္ ၂ (မတ္လ ၂၂) ရက္ေန ့မွ တေပါင္းလဆုတ္ ၁၁ (မတ္လ ၃၁) ရက္ေန ့အထိ ျမန္မာ့ရိုးရာအစဥ္အလာမပ်က္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပသြားမည္ျဖစ္ေၾကာင္း ေရႊက်ီးနားေစတီ ေဂါပကဥကၠ႒ထံမွ သိရသည္။

အဆိုပါ ဗုဒၶပူဇနိယ ဘုရားပြဲတြင္ ပြဲတိုင္းေက်ာ္ မႏၲေလး ဇာတ္သဘင္အဖြဲ႕က (၁၀) ညတိုင္တိုင္ မိုးအလင္း ကျပေဖ်ာ္ေျဖမည္ျဖစ္ၿပီး အျခားေပ်ာ္ပြဲရႊင္ပြဲအျဖစ္ ခ်ားရဟတ္၊ ပင္လယ္ဓါးျပေလွ တို႕ပါ၀င္ေၾကာင္း သိရသည္။

ယခင္ႏွစ္ကဲ့သို႕ပင္ ရပ္နီးရပ္ေဝးမွ ေစ်းသည္မ်ားမွ မိမိတို ့ေဒသထြက္ပစၥည္းမ်ား၊ လူအသုံးေဆာင္ပစၹည္းမ်ား၊အလွကုန္၊ အဝတ္အထည္၊ စားေသာက္ဆိုင္မ်ိဳးစုံ လာေရာက္ဖြင့္လွစ္ ေရာင္းခ်ၾကမည္ျဖစ္၍ ေဂါပကအဖဲြ ့က ေစ်းဆိုင္ခန္း ၅၀၀ ေက်ာ္စီစဥ္ ထားသည္။
 
ဘုရားပြဲအၿပီး ႏွစ္စဥ္က်င္းပၿမဲျဖစ္သည့္ တေပါင္း လဆုတ္ ၁၂(ဧျပီလ ၁)  ရက္ေန ့
နံနက္ ၇ နာရီ တြင္ ရဟန္း သာမေဏ အပါး ၁၀၀၀ ေက်ာ္ ႏွင့္ သီလရွင္ အပါး ၃၀၀ တို ့အား
ဆြမ္းဆန္စိမ္း ေလာင္းလွဴပဲြႏွင့္ ေရစက္ခ် တရားပြဲ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

ဆြမ္းဆန္စိမ္းေလာင္းလွဴမည့္ ရပ္ေဝးမွ ကုသုိလ္ရွင္မ်ား ညအိပ္တည္းခိုနိုင္ရန္ႏွင့္
ဆရာေတာ္သံဃာေတာ္မ်ားအတြက္ ေရႊက်ီးနားေစတီေဂါပကအဖြဲ႕က အိပ္ေဆာင္/ေက်ာင္းေဆာင္မ်ား စီစဥ္ေပးထားမည္ ျဖစ္ေၾကာင္းသိရသည္။

ဗန္းေမာ္သုခမိန္
——————————————-

ရှေးဟောင်းသမိုင်းဝင်ရွှေကျီးနားေစတီတော် (၁၄၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပမည်

EPN
ဗန်းမော်၊ မတ် ၁၅

ကချင်ပြည်နယ် ဗန်းမော်မြို့ရှေးဟောင်းသမိုင်းဝင် ရွေကျီးနားစေတီတော်မြတ်ကြီး၏ (၁၄၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို တပေါင်းလဆုတ် ၂ (မတ်လ ၂၂) ရက်နေ့မှ တပေါင်းလဆုတ် ၁၁ (မတ်လ ၃၁) ရက်နေ့အထိ မြန်မာ့ရိုးရာအစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ရွှေကျီးနားစေတီ ဂေါပကဥက္ကဋ္ဌထံမှ သိရသည်။

အဆိုပါ ဗုဒ္ဓပူဇနိယ ဘုရားပွဲတွင် ပွဲတိုင်းကျော် မန္တလေး ဇာတ်သဘင်အဖွဲ့က (၁၀) ညတိုင်တိုင် မိုးအလင်း ကပြဖျော်ဖြေမည်ဖြစ်ပြီး အခြားပျော်ပွဲရွှင်ပွဲအဖြစ် ချားရဟတ်၊ ပင်လယ်ဓါးပြလှေ တို့ပါဝင်ကြောင်း သိရသည်။

ယခင်နှစ်ကဲ့သို့ပင် ရပ်နီးရပ်ဝေးမှ ဈေးသည်များမှ မိမိတို့ဒေသထွက်ပစ္စည်းများ၊ လူအသုံးဆောင်ပစ္ဖည်းများ၊အလှကုန်၊ အဝတ်အထည်၊ စားသောက်ဆိုင်မျိုးစုံ လာရောက်ဖွင့်လှစ် ရောင်းချကြမည်ဖြစ်၍ ဂေါပကအဖွဲ့က ဈေးဆိုင်ခန်း ၅၀၀ ကျော်စီစဉ် ထားသည်။

ဘုရားပွဲအပြီး နှစ်စဉ်ကျင်းပမြဲဖြစ်သည့် တပေါင်း လဆုတ် ၁၂(ဧပြီလ ၁)  ရက်နေ့
နံနက် ၇ နာရီ တွင် ရဟန်း သာမဏေ အပါး ၁၀၀၀ ကျော် နှင့် သီလရှင် အပါး ၃၀၀ တို့အား
ဆွမ်းဆန်စိမ်း လောင်းလှူပွဲနှင့် ရေစက်ချ တရားပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဆွမ်းဆန်စိမ်းလောင်းလှူမည့် ရပ်ဝေးမှ ကုသိုလ်ရှင်များ ညအိပ်တည်းခိုနိုင်ရန်နှင့်
ဆရာတော်သံဃာတော်များအတွက် ရွှေကျီးနားစေတီဂေါပကအဖွဲ့က အိပ်ဆောင်/ကျောင်းဆောင်များ စီစဉ်ပေးထားမည် ဖြစ်ကြောင်းသိရသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။