Trending Now

အမေရိကန်နဲ့ တရုတ်တို့ ကုန်သွယ်ရေး ဆွေးနွေးပွဲအသစ်ကို သဘောတူညီခဲ့ကြ

Spread the love

အမေရိကန်နဲ့ တရုတ်တို့ ကုန်သွယ်ရေး ဆွေးနွေးပွဲအသစ်ကို သဘောတူညီခဲ့ကြ

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၉

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ဟာ ပြတ်တောက်နေတဲ့ ဆက်ဆံရေးကို ပြုပြင်ဖို့ ကြိုပမ်းနေကြပြီး ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲအသစ်ကို သဘောတူညီခဲ့ကြတယ်လို့ အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဂျီနာရီမန်ဒိုက ပြောပါတယ်။

ရီမန်ဒိုဟာ တရုတ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီး ဝမ်-ဝမ်တာအို နဲ့ တနင်္လာနေ့က ပေကျင်းမြို့မှာ တွေ့ဆုံခဲ့ပြီး ” “စီးပွားရေးနဲ့ ကုန်သွယ်မှုနယ်ပယ်တွေမှာ ညှိနှိုင်းဆောင်ရွက်ခွင့်ရတာကို ကျေနပ်မိတယ်” လို့ ရီမန်ဒိုက ပြောပါတယ်။

နှစ်နိုင်ငံ ပိုမိုတည်ငြိမ်တဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ လုပ်ဆောင်နေကြပေမယ့် အမျိုးသားလုံခြုံရေးကိစ္စတွေမှာတော့ အမေရိကန် အရာရှိတွေက အလျှော့ပေးမှာ မဟုတ်ဘူးလို့ ရီမန်ဒိုက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလမှာ အမေရိကန်အာဏာပိုင်တွေက တရုတ်အဆင့်မြင့်ချစ်ပ်တွေကို အသုံးပြုခွင့်ကန့်သတ်ထားတဲ့ စည်းမျည်းအသစ်ကို ထုတ်ပြန်ခဲ့ပြီးနောက် တရုတ်က လက်တုံ့ပြန်တဲ့အနေနဲ့ အခုလအစောပိုင်းမှာ ဆီမီးကွန်ဒတ်တာအချို့ပြုလုပ်ရန် လိုအပ်တဲ့ ဂယ်လီယမ်နဲ့ ဂျာမနီယမ်၊ သတ္တုများတင်ပို့မှုကို ကန့်သတ်ခဲ့ပါတယ်။

အဲဒီကွဲလွဲမှုတွေကို နှစ်ဘက်လုံးက မဖြေရှင်းနိုင်သေးပါဘူး။ အစိုးရအရာရှိတွေနဲ့ ပုဂ္ဂလိကကဏ္ဍက ကိုယ်စားလှယ်တွေပါဝင်တဲ့ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းတစ်ခုကို ထူထောင်ဖို့ သဘောတူညီခဲ့ကြပြီး လာမယ့်နှစ်အစောပိုင်းမှာ ပထမဆုံးအစည်းအဝေးကို အမေရိကန်က လက်ခံကျင်းပမယ်လို့ သိရပါတယ်။

ရီမန်ဒိုက ပို့ကုန်ထိန်းချုပ်မှုများဆိုင်ရာ သတင်းအချက်အလက်ဖလှယ်ဖို့ ပလက်ဖောင်းတစ်ခုကိုလည်း ကြေညာခဲ့ပါတယ်။”ဒါဟာ ပွင့်လင်းမြင်သာမှုကို တိုးမြှင့်တဲ့ ဆွေးနွေးပွဲတစ်ခု ဖြစ်လာဖို့ ရည်ရွယ်ပြီး ပို့ကုန်ထိန်းချုပ်ရေးနဲ့ သက်ဆိုင်တဲ့အတွက် ကျွန်တော်တို့ လုပ်ဆောင်နေတာတွေက ရှင်းလင်းမှာဖြစ်ပါတယ်။” လို့ ရီမန်ဒိုက ပြောပါတယ်။

Ref; NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။