Trending Now

(၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆုကို ပိုက်ကျော်ခြင်းအားကစားနည်းမှ ဆွတ်ခူးရရှိ

Spread the love

(၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆုကို ပိုက်ကျော်ခြင်းအားကစားနည်းမှ ဆွတ်ခူးရရှိ

EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၅

တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆုကို ပိုက်ကျော်ခြင်းအားကစားနည်းမှ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ကျင်းဟွာမြို့ Jinhau Sports Center ၌ ကျင်းပသည့် ပိုက်ကျော်ခြင်းအားကစားနည်းပြိုင်ပွဲ အမျိုးသား (၄) ယောက်တွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက ပထမပွဲတွင် ရမှတ် (၂၁) မှတ်၊ (၁၃)မှတ်၊ ဒုတိယပွဲတွင် ရမှတ် (၂၄) မှတ်၊ (၂၂) မှတ်ဖြင့် (၂) ပွဲပြတ်အနိုင်ရရှိကာ မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ပထမဆုရရှိသည့် မြန်မာအသင်း၊ ဒုတိယဆုရရှိသည့် အင်ဒိုနီးရှားအသင်း၊ ပူးတွဲတတိယဆု ရရှိသည့် ဂျပန်အသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ကို မြန်မာနိုင်ငံအိုလံပစ် ကော်မတီအထွေထွေ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆု ဆွတ်ခူးရယူပေးနိုင်ခဲ့သော မြန်မာပိုက်ကျော်ခြင်းအသင်းကို နိုင်ငံတော်မှလည်း ချီးမြှင့်ငွေ အမေရိကန်ဒေါ်လာ (၁၀၀၀) ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

၎င်းအြပင် နဂါးလှေလှော် (Dragon Boat) အားကစားနည်းမှ အမျိုးသားမီတာ (၂၀၀) ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် (၁၂) သင်းဝင်ရောက်ယှဉ်ပြိုင်ရာ တရုတ်အသင်းက ပထမ၊ ထိုင်းအသင်းက ဒုတိယ၊ အင်ဒိုနီးရှားအသင်းက တတိယနှင့် မြန်မာအသင်းက စတုတ္ထ၊ အမျိုးသမီး မီတာ (၂၀၀) ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် (၉)သင်း ဝင်ရောက်ယှဉ်ပြိုင်ရာ တရုတ်အသင်းက ပထမ၊ အင်ဒိုနီးရှားအသင်းက ဒုတိယ၊ ထိုင်းအသင်းက တတိယနှင့် မြန်မာအသင်းက စတုတ္ထဖြင့် အသီးသီး ရရှိခဲ့သည်။

အမရာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။