Trending Now

တောင်ဆူဒန် ဒုတိယသမ္မတနှင့် ဇနီးသည်တို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

Spread the love

တောင်ဆူဒန် ဒုတိယသမ္မတနှင့် ဇနီးသည်တို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

EPN
နိုင်ငံတကာ၊ မေ ၁၉

တောင်ဆူဒန် ဒုတိယသမ္မတ-၁ ရိခ်မာချာနှင့် ဇနီးသည် အိန်ဂျယ်လီနာတီနီတို့တွင် ကိုဗစ်-၁၉ ရောဂါ စမ်းသပ်တွေ့ရှိခဲ့ကြောင်း တောင်ဆူဒန် ဒုတိယသမ္မတရုံးက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားသည်။

သူနှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သူ ဇနီးသည်တို့သည် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါတိုက်ဖျက်ရန် ဖွဲ့စည်း ထားသော အဖွဲ့တစ်ခုဖြစ်သည့် ရောဂါကူးစက်ခံထားရသည့် ကိုဗစ်-၁၉ ဆိုင်ရာ အဆင့်မြင့်အထူးလုပ်ငန်းအဖွဲ့ဝင် များနှင့် ထိတွေ့ခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရခြင်းဖြစ်ကြောင်း မာချာက ပြောသည်။

အဆိုပါထုတ်ပြန်ချက်အရ ဒုတိယသမ္မတ မာချာက နေအိမ်၌ နှစ်ပတ်ကြာ သီးသန့်ခွဲနေမည်ဟု သိရ သည်။ ဒုတိယ သမ္မတရုံး ဝန်ထမ်းများနှင့် လုံခြုံရေးများတွင်လည်း ကိုရိုနာဗိုင်းရပ်စ်ပိုး စမ်းသပ်တွေ့ရှိခဲ့သည်။

ဒုတိယသမ္မတ-၁ ဒေါက်တာ မာချာနှင့် ဇနီးသည် ကာကွယ်ရေးဝန်ကြီး အိန်ဂျယ်လီနာတို့မှာ ရောဂါ လက္ခဏာများ မပြသသော်လည်း ကျန်းမာရေးကောင်းမွန်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဂျိမ်းစ်ဂတ်ဒက်ဒတ်ခ်က ပြောသည်။

တာင်ဆူဒန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲအတည်ပြုကူးစက်မှု ၂၉၀ နှင့် သေဆုံးသူ လေးဉီးရှိပြီး ကူးစက်လူနာခြောက်ဉီး ပြန်လည်သက်သာလာခဲ့သည်။

–ကိုးကား–
အနာဒိုလူ
Ref; South Sudan VP, wife test positive for COVID-19


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။