Trending Now

ကချင်ပြည်နယ်တွင် လျှပ်စစ်မိုးနှင့် မိုးသီးများကျ ရောက်နိုင်

Spread the love

ကချင်ပြည်နယ်တွင် လျှပ်စစ်မိုးနှင့် မိုးသီးများကျ ရောက်နိုင်

EPN
မြစ်ကြီးနား၊ မတ် ၃၀ (၂၀၂၄)

ကချင်ပြည်နယ် ဒေသတစ်ခုလုံးတွင် ဧပြီလအစောပိုင်း လျှပ်စစ်မိုးများနှင့် မိုးသီးများ ကျရောက်နိုင်ကြောင်း မိုးလေဝသပညာရှင် စုစုစံမှ ထုတ်ပြန်ကြေညာထားသည်။

ဧပြီလ ၁ ရက်နေ့မှ စတင်ပြီး၊ ကချင်ပြည်နယ် ဒေသတစ်ခုလုံး ခရိုင်၊မြို့နယ်များတွင် လျှပ်စီးလက်ခြင်း၊မိုးခြိမ်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင် ကြောင်း မတ်လ ၂၉ ရက်နေ့တွင် ကြိုတင်ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့တွင် ဖားကန့်မြို့တွင် ကြက်ဥအရွယ်စား မိုးသီးများနှင့် လေးပြင်များတိုက်ခိုက်ခဲ့မှုကြောင့် လူနေအိမ်သွပ်မိုးများစွာ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

အလားတူ မတ်လ ၂၆ ရက်၊ ညတွင် တနိုင်းမြို့နယ်တွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ကြီးနား-တနိုင်းသွားလမ်းပိုင်းအချို့ ပျက်စီးမှုများရှိခဲ့ ကြောင်းလည်း သိရသည်။

ကချင်ပြည်နယ်များရှိ မိဘပြည်သူများအနေဖြင့် ဧပြီလ ၁ ရက်နေ့မှ ၁၀ ရက်အတွင်း လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း ၊မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက် မိုးကြောင့်ပျက်စီးဆုံးရှုံးနိုင်မည့် အရာများနှင့် လယ်ယာလုပ်ငန်းများအား ကြိုတင်ကာကွယ်နိုင်ကြရန် သတိပေးထုတ်ပြန်ထားသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။