Trending Now

ဖေဖော်ဝါရီ ၁ ရက်နေ့ ညတွင် အစိမ်းရောင် ကြယ်တံခွန်ကို နှစ်ပေါင်း ၅ သောင်းအတွင်း ပထမဆုံးအကြိမ် မြင်တွေ့ရမည်

Spread the love

ဖေဖော်ဝါရီ ၁ ရက်နေ့ ညတွင် အစိမ်းရောင် ကြယ်တံခွန်ကို နှစ်ပေါင်း ၅ သောင်းအတွင်း ပထမဆုံးအကြိမ် မြင်တွေ့ရမည်

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁

ဖေဖော်ဝါရီ ၁ ရက်နေ့ ညတွင် Comet C/2022 E3 (ZTF) အစိမ်းရောင် ကြယ်တံခွန်ကို နှစ်ပေါင်း ၅ သောင်းအတွင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာက မြင်တွေ့ရမည်ဟု အယ်ဂျားဇီးယားက ဖော်ပြထားသည်။

ကြယ်တံခွန်သည် ယခုရက်ပိုင်းအတွင်း ကမ္ဘာနှင့် အနီးဆုံးအကွာအဝေးတွင် ရှိနေမည်ဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းလုံးနီးပါးတွင် သာမှန်မျက်စိဖြင့် မြင်တွေ့နိုင်မည်ဖြစ်သည်။

ဖေော်ဝါရီ ၁ ရက်နေ့ ညတွင် နက္ခတ္တဗေဒပညာရှင်များနှင့် အာကာသဝါသနာရှင်များအတွက် နှောင်နှစ်ပေါင်းထောင်ချီတိုင်အောင် ပြန်မရနိုင်သည့် ထူးခြားသောဖြစ်ရပ်တစ်ခုကို ကြည့်ရှုရန် အခွင့်အလမ်းတစ်ခု ကို ရရှိမှာဖြစ်သည်။

တိုင်းတာမှုများအရ ကြယ်တံခွန်သည် ကမ္ဘာနှင့် ကီလိုမီတာ ၄၂ သန်းသာ ကွာဝေးမည်ဖြစ်သော်လည်း မြို့ပြအလင်းရောင်များကြောင့် ကြည့်ရှုခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်သောကြောင့် အကောင်းဆုံးအတွေ့အကြုံအတွက် အလင်းရောင်အားနည်းသော နေရာသို့ခရီးသွားရန် အကြံပြုထားသည်။

Comet C/2022 E3 (ZTF) ကြယ်တံခွန် ကို အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား၊ Palomar Mountain ရှိ Caltech’s Palomar Observatory တွင် ကွင်းပြင်ကျယ်ကင်မရာတစ်ခုဖြစ်သည့် Zwicky Transient Facility ကို အသုံးပြု၍ နက္ခတ္တဗေဒပညာရှင်များက ၂၀၂၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ရှာဖွေတွေ့ရှိခဲ့သည်။

— ကိုးကား —
Aljazeera
Ref; Green comet expected to be visible for first time in 50 millennia

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။